𝖴𝗇𝗂𝖼𝗈𝖽𝖾
Build~
ဘန်ကောက်ကိုပြန်ရောက်တာနဲ့ ခရီးပန်းနေလို့ဆိုပြီး တရက်လေးနားလိုက်လို့မဖြစ် ဘူး။ဆိုင်ကို တန်းသွားရမှာ ငါမရှိတုန်း ဆိုင်မှာ ဘယ်လောက်တောင် ဂယက်ထ နေပြီလဲ မသိဘူး။ပြီးတော့ ဟိုလက်ဆောင်ဗူးတွေ Bible ပေးတဲ့ လက်ဆောင်ဗူးရော နောက် တဗူးက ဘယ်သူပေးမှန်း မသိ အဲ့ဒါတွေကိုလဲ ယူရဦးမယ်။ဒီတိုင်း လူကိုယ်တိုင် ရော့ အင့် ဆိုပြီး ပေးလိုက်ရင် မြွေကိုက်မှာစိုးလို့ လား။Bible သာ သူ လက်ဆောင်ပေးထားကြောင်း စကားမဟရင် ငါလဲ သတိလုံးဝရမှာ မဟုတ်ဘူး ။ငါ အဲ့လက်ဆောင်ဗူးတွေကို အလှဆင်ပန်းအိုးတင်ထားတဲ့ စားပွဲဘောင်မှာ တင်ခဲ့တယ် ထင်တယ် ။Laylayyo က အမှိုက်ဆိုပြီး လွှင့်မပစ်လောက်ဘူးမလား။ အား...ဒီကောင်ကတော့
"ဟေ့ကောင် ပြန်လာပြီလား..မြန်လိုက်တာ "
"ဆိုင်ရော အဆင်ပြေရဲ့လား၊ဘာပြဿနာ မှ မရှိဘူးမလား"
"လာစားတဲ့သူတွေ နဲ့တော့ပြဿနာမတက်ပေမဲ့ ငါနဲ့တော့ ဟို သကောင့်သား Perthနဲ့တော့ တက်တယ် ၊သူက ငါ့ခိုင်းတာ တွေကို မလုပ်ပေးတာဟေး..ရှင်းရှင်းပြောရရင်ကွာ..ငါက သူ့အလုပ်ရှင်မဟုတ်လို့ မလုပ်ပေးတာတဲ့ဟေး "
"မင်း ကတော့ ဖြစ်ရမယ်"
Perth က တကယ့်ကို အေးအေးဆေးဆေးသမား ။သူခင်ချင်တဲ့သူကိုမှ ခင်တတ်တာ စကားအများကြီးပြောတတ်တာ။စကားကို ပေါက်ပေါက်ဖောက်တတ်ပြီး စ နောက်တတ်တဲ့Laylayyo နဲ့ ဘယ်လိုမှ ကီးကိုက်မှာမဟုတ်ဘူး။
"အော်..ဒါနဲ့ မင်းရဲ့လက်ဆောင်ဗူးထင်တယ်၊ငါကောင်တာ ပေါ်မှာတင်ထားပေးတယ်"
"ကျေးဇူးဘဲ..ငါက မင်း အမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပြီထင်တာ"
ငါ ကောင်တာဘက်ကို သွားလိုက်ပေမဲ့ လက်ဆောင်ဗူးဆိုလို့ ဘာမှ မတွေ့တော့ ငါမျက်မှောင်ကြုတ်ပြီးLaylayyo ကို လှမ်းအော်မေးလိုက်တယ်။
"ဟေ့ကောင် လက်ဆောင်ဗူးတွေရော"
"ဟုတ်သားဘဲ ငါပြောဖို့မေ့သွားတယ်၊ ဒီကိုလာစားတဲ့ကလေး တယောက်က လက်ဆော့ချက်ဘဲ၊ပန်းအိုးတင်ထားတဲ့ ဘောင်ကို ခုန်နဲ့ ဖက်တက်ပြီး အဲ့လက်ဆောင်ဗူးကို ဖောက်ကြည့်တာ ပန်းအိုးပါကွဲသွားသေးတယ်၊သူ့မိဘတွေ ပြန်တော့ ရော်ပေးသွားတယ်၊အဲ့ လက်ဆောင်ဗူးတွေကိုတော့ အံဆွဲထဲ ထည့်ထားပေးတယ် "
![](https://img.wattpad.com/cover/231011367-288-k694760.jpg)