𝟤𝟢

886 100 76
                                    

Unicode

𝖡𝗂𝖻𝗅𝖾~

           
"နာမည်က Build Jakapan Puttha တဲ့၊အဖေ နှစ်ယောက် နဲ့ အတူတူနေတာ၊အရင်းတွေတော့ မဟုတ်ဘူး၊မွေးစားထားတာတဲ့နော်၊ အခုတော့ တူတူမနေဘူးတဲ့ ၊တခါတလေမှ လာလည်တာတဲ့၊သူတို့သားကို တအားချစ်တဲ့၊စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာ တော့ကြာပြီ၊ ဓားကိုင် ကျွမ်းတယ်လို့လဲကြားတယ်၊ ကျောင်းတုန်းက အနိုင်ကျင့်ခံရတာ ရှိတယ်တဲ့..ဟေး..ငါပြောတာ နားထောင်နေလား.."

"......"

"ကျစ်..စေတနာနဲ့လဲပြောပြရသေးတယ်..ဆက်ပြောမယ် နားထောင်"

"..... "

"အနိုင်ကျင့်ခံရတယ်ဆိုပြီး သနားပါတယ်လို့ တွေးမနေနဲ့ဦး သူက ပြန်ဆော်တာကွ"


Typingရိုက်နေတဲ့ငါ့လက်တွေရပ်သွားတယ်။ရုံးခန်းထဲကို ရောက်လာကတည်းက စကားကို ပေါက်ပေါက်ဖောက်အောင် ပြောပြနေတဲ့Joss က Buildဆိုတဲ့ လူအကြောင်း ဖောက်သည်ချနေလို့ အလုပ်တောင် ဖြောင့်အောင်မလုပ်ရဘူး။အချင်းချင်းလဲ မသိကြဘဲနဲ့ Jossက ဘာလို့ ဟိုလူ အကြောင်းအဲ့လောက်သိနေရတာလဲ။ငါက ရော နားထောင်ချင်လွန်းလို့ နားထောင်နေတယ်များ Jossက ထင်နေတာလား။

"ဘာလို့အနိုင်ကျင့်ခံရတာလဲ"


"အမေမရှိဘဲ အဖေနှစ်ယောက်နဲ့အတူကြီးပြင်းခဲ့ရလို့ စ နောက် လှောင်ပြောင်ကြတာတွေ ရှိလို့နေမှာပေါ့ကွာ"

ငါထင်တာမှန်နေတာဘဲ။အဲ့Buildဆိုတဲ့လူက အဖေနှစ်ယောက်ရှိလို့ လှောင်ပြောင်ခံရတဲ့ခံစားချက်ကိုကောင်းကောင်းသိလို့ ဟိုနေ့က P'Tong တို့ဘက်က ဝင်ပြောပေးတာဘဲ။ ငါ P'Tong တို့ကို စနောက် ပြောင်တာ နဲနဲလွန်သွားသလား လို့တောင် တွေးမိတယ်။ ဘာရည်ရွယ်ချက်မှ မပါဘဲ အကျင့်အတိုင်း စနောက်လိုက်လို့ တဖက်သားကို အဲ့လောက်တောင်ထိခိုက်စေမှန်းသိတော့သိတယ်၊ဒါပေမဲ့သေချာမသိဘူး။ P'Tong တို့၊P'Nodtတို့အပြင် Buildဆိုတဲ့ လူကိုပါ ခဏတာစိတ်ထိခိုက်စေခဲ့မှန်းတော့ ငါသိတယ်။ သူပြောသလို ငါ P'Tongတို့ကိုတောင်းပန်ခဲ့ပြီးပြီလေ။ ဒါတောင် P'Tong က သိပ်ကျေနပ်တာ မဟုတ်ဘူး။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now