𝖴𝗇𝗂𝖼𝗈𝖽𝖾
"P' Bible ထင်သလို ကုမ္ပဏီမှာ ငွေအလွဲသုံးစားလုပ်နေတဲ့သူရှိပါတယ် ပြီးတော့ ကျွန်တော်တို့ ထင်နေတဲ့သူပါဘဲ၊သက်သေ မရှိတော့ ဘာမှပြောလို့မရတဲ့ အခြေနေပါ"
"အဟက်.." ဒါက လှောင်သံတစ်ခုဘဲ။
"ပြီးတော့ မကြာခင် ကုမ္ပဏီအတွင်းမှာ အစားအသောက် စီစစ်ရေးဌာန မှာ ပြဿနာ တက်လိမ့်မယ်"
"အင်း..ငါတို့ ထင်ထားတဲ့အတိုင်းဘဲပေါ့"
"ဟုတ်ပါတယ်..P'Build သိရဲ့သားနဲ့ မတားတော့ဘူးလား.."
"လွှတ်ထားလိုက်..မမြင်ချင်ယောင်ဆောင်ပြီး အနစ်နာခံဟန်ဆောင်ရမှာပေါ့..ဟုတ်တယ် မလား Job"
Jobက တွေဝေ သွားပြီးမှ သဘောပေါက်သွားတယ်။
သူတို့သူဌေးက တရားခံလာဘ်စားတဲ့သူကိုရော တွဲဖက်တရားခံတွေကို ပါ အမိ ဖမ်းချင်နေပုံရတယ်။ သူတို့ ထင်ထားတဲ့ တရားခံက အခြားသူလဲမဟုတ်။ Jobဆို စုံစမ်းရင်း မျက်လုံးအပြူးသားဖြစ်ခဲ့ရတယ် မဟုတ်လား။
တရားခံက P'Bibleရဲ့ ဦးလေးဖြစ်တာ မို့ သက်သေရဖို့ ပိုခက်ခဲဦးမည်။ သွေးသားမတော်စပ်တဲ့ဦးလေးSamက သိမ်းငှက်လို မျက်စိလျင်ပြီး မြေခွေးလိုစဉ်းလဲတတ်တာ မို့လို့ သူ့ရဲ့ရည်ရွယ်ချက် ဟာ ကျိန်းသေပေါက် ကုမ္ပဏီကို အပိုင်လိုချင် လို့သာ ဖြစ်လိမ့်မယ်။ပြီးတော့ Samဟာ ဦးလေးအရင်းမဟုတ်။ Bible ရဲ့အဒေါ့်ယောကျာ်းသာ။Bibleရဲ့အဒေါ်ဟာ P'Bun။ အစ်ကိုကြီးဖြစ်တဲ့ Bat က သူ့သား Bibleကိုဘဲ ဒုတိယဥက္ကဌ နေရာ ကို အပ်နှံထားတာ။ ဒါကြောင့်ယောက်ဖ ဖြစ်တဲ့ Samက ကုမ္ပဏီရဲ့ တတိယ နေရာ ဖြစ်တဲ့အကြံပေးနေရာမှာသာ။ ဒါပေမဲ့ Samဟာ ကုမ္ပဏီအတွက်အကြံပေးစရာတောင်မလို။ P'Bibleဟာ ဘယ်သူ့အကြံဉာဏ်မှ မယူဘဲ သူ့သဘောနှင့်သူလုပ်တယ်။ ဒါကြောင့် Samဟာ အပြင်လူလို ဖြစ်နေတာ မဆန်း။Bibleက အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီ ဝင်လာတာ မို့ ရှယ်ယာရှင်တွေ နှင့် P'Bible ရဲ့အဖေ ဥက္ကဌBat အကြီးအကျယ် ပြဿနာ တက်တာ ကို Job တို့ Basတို့ အသိဆုံး။
P'Bibleရဲ့ Project တိုင်းဟာ အောင်မြင်နေတာ မို့ ရှယ်ယာရှင်တွေလဲ ပါးစပ်ပိတ်သွားရတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံး က လဲ P'Bibleဖြစ်တာ မို့ ဘယ်သူ့မှ မဆွဲချရဲ။ဥက္ကဌ Batက လဲ သူ့သားကို လုံးဝ ယုံကြည်ထားပုံ။
![](https://img.wattpad.com/cover/231011367-288-k694760.jpg)