𝖴𝗇𝗂𝖼𝗈𝖽𝖾
မီးရောင်စုံအောက်မှာ အရူးအမူးက ခုန်နေကြတဲ့ ခပ်ငယ်ငယ် လူတွေက အထက်တန်းပြီးခါစကျောင်းသားတွေဆိုတာ မြင်တဲ့သူတိုင်းသိနိုင်တယ်။ ကလပ်နှင့်ကျောင်းသားတွေက ဘယ်လိုမှ မအပ်စပ်တဲ့အရာတွေဆိုတာ ကောင်းကောင်းသိတယ်။ဒါပေမဲ့ ဘယ်သူက ဘာပြောပြီး ဘယ်လိုဝေဖန်နိုင်မှာ မို့လို့လဲ ။ငါတို့က အသက်ပြည့်ပြီးသား လူငယ်တွေဘဲလေ။ က ခုန်ရလွန်းလို့ မော သွားတော့ ခုံမှာ သွားပြီး အရက်သောက်ဖို့ ပြင်လိုက်တယ်။
"ဟေ့ကောင်....Barcode ဘယ်သွားမလို့လဲ"
"အရက်သွားသောက်မလို့"
"ပြီးရင် ငါတို့နှင့် လာပြန်ကဲကွာ"
Marc ပြောလိုက်တဲ့စကားကို မကြားသလို နှင့် ရှေ့ကိုလှည့်လိုက်ချိန် တစုံတယောက်က ငါ့နောက်ဘက်ကို ဝင်တိုက်သွားတော့ ငါ့က်ိုယ်က ရှေ့ကို ယိုင်ပြီး ပြုတ်ကျတော့မလိုဖြစ်သွားတယ်။ တယောက်ယောက်ကတော့ ငါ့ကို အာရုံလာစားနေပြီဆိုတော့ ပါးစပ်က ကျစ်ကနဲ စုပ်သပ်လိုက်မိတယ်။လူတယောက်လုံးလာနေတာ ကို မမြင်ဘူးလား။ကလပ်မှာ မှောင်မိုက်နေတာလဲ မဟုတ်ဘူး။မီးရောင်တွေက ရှူထောင့်ပေါင်းစုံကနေ ထိုးထားကို သူက မမြင်ဘူးဆိုတော့ ကန်းနေတာလား။
ငါ့ကိုလာတိုက်တဲ့သူကို မမြင်ဘူးလား ကန်းနေလား လို့ ရန်တွေ့ဖို့ နောက်လှည့်ကြည့်လိုက်တော့
"ဟေး...ခင်ဗျား...."
"အစ်ကိုတောင်းပန်ပါတယ် အလျင်လိုနေတော့ မမြင်မိလိုက်တာ ..အဆင်ပြေရဲ့လား"
"......"
ခဏက ထွက်နေတဲ့ဒေါသက ဘယ်ဆီဘယ်ရောက်သွားမှန်းမသိဘူး။ကလပ်ထဲက လေတွေ ကြောင့် အဝေးကိုလွှင့်သွားပြီလား။ စင်ရော်ငှက်လိုမျက်ခုံးမွှေးထူထူကို ပုံသွင်းထားသော ပိုင်ရှင်၊ငါ့လက်မောင်းကို မထိတထိလာကိုင်ပြီးငါ့ကို တိုက်မိသွားလို့ တောင်းပန်ပါတယ် လို့ပြောနေတဲ့ နူတ်ခမ်းသား၊သူ့ကြောင့် ငါ ခလုတ်တိုက်သွားတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ မျက်ဝန်းတစုံ။ဟုတ်တယ် ခလုတ်တိုက်သွားတာ ခင်ဗျား လုပ်လိုက်လို့လေ၊ ဒါပေမဲ့ တခြားတော့ မဟုတ်ပါဘူး ကျွန်တော့်နှလုံးသား ခလုတ်တိုက်သွားတာ၊ဘယ်လိုလုပ်မလဲ ခင်ဗျားလျော်ကြေး ပြန်ပေးရမယ်ထင်တယ်။ ခင်ဗျားကို သောက်ရမ်း သဘောကျ သွားပြီ။