Unicode
*ရှပ် ရှပ် *
အနောက်ကနေ ခြေသံကြောင့် တချက်ရပ်လိုက်မိသည်။ လူခြေသံမှန်း မသေချာ တာ ကြောင့် ငါ ဆက်လျှောက် လိုက်တော့ တရှပ်ရှပ် အသံက ထပ်ထွက်လိုက်တော့ ငါ ထပ်ရပ်လိုက်ပြီး အနောက်လှည့်ကြည့်လိုက်သည်။
ငါရပ်ကြည့်လိုက်တာ နဲ့ အဲ့အရိပ်က ဓာတ်တိုင် ကို ကွယ်လိုက်သည်။ အမြင်ကောင်းတဲ့ ငါက ဒါကို တွေ့ဖြစ်အောင်တွေ့လိုက်သည်။ ပိုသေချာ သွားတာ က ဓာတ်မီးတိုင်က မီးရောင် ကြောင့် အဲ့ငါ့နောက်လိုက်တဲ့ သူစိမ်းလူရဲ့ အရိပ်က မြေကြီးမှာ ထင်ဟပ်နေတယ်။"ကလု.." ငါကြောက်ကြောက်လန့်လန့်နဲ့ တံတွေးမျိုချလိုက်သည်။ အချိန်က ည၁၀နာရီကျော်ဆိုပေမဲ့ လမ်းမပေါ်မှာ လူမပြတ်လောက်သေးဘူးထင်တယ်။ ဒါပေမဲ့ ငါ့အိမ်ကို သွားတဲ့ လမ်းက လူ ပြတ်နေတာ ကြောင့်ငါ စိုးရိမ် သွားရသည်။ လမ်းထောင့်မှာ အမူးသမားတွေ ရှိသော်လည်း သူတို့ဆီ က အကူအညီမရနိုင်၊သူတို့က အခုငါ့နောက် လိုက်နေတဲ့ သူစိမ်းနှင့် ပေါင်းပြီး ပို ဒုက္ခပေးနိုင်သည်။
ငါလဲ ကြောက်ကြောက်လန့်လန့် နဲ့ ဖုန်းထုတ်ပြီး အမြန် တယောက်သော သူ ကို ဖုန်းခေါ် လိုက်သည်။
"ကျစ်..." တဖက်က ဖုန်းမကိုင်တာ ကြောင့် ကျစ်ကနဲ အသံထွက်မိသွားသည်။ နောက်တခါ ပြန် ဆက်လဲ မကိုင်တာ မို့ ဒေါသ ထွက်လာသလို ဝမ်းနည်းစိတ်ပါ ဝင်လာရတယ်။
ငါနေတဲ့ တိုက်ခန်းရောက်မှ ဘဲ အသက်ကို ကောင်းကောင်းရှူနိုင်တော့တယ်။ ဘာလို့လဲဆိုတော့ ငါ နေတဲ့ ရပ်ကွက်က ညသန်းခေါင် ကျော် ထိ လူစည် နေတာ မို့လို့။ ငါက ဆူညံတဲ့ နေရာ တွေဆို သိပ်မုန်းတာ။ ညဘက်တွေ ဆို ဘီယာဆိုင်က ဘောလုံးပွဲကြည့်သံတွေ ကြောင့် သိပ်အိပ်မရ။ ဒါပေမဲ့ တခုကောင်းတာ က လူမပြတ်တာ ကြောင့် ငါ့အတွက် အဆင်ပြေသားဘဲလေ။
ငါ့အလုပ်က သန်းခေါင်းကျော်မှာ ပြီးတာ မို့ ငါ့အတွက်
အန္တရယ်ရှိမှာ စိုးလို့ သူငယ်ချင်းလို့ပြောတဲ့ Laylayyo က
သူ့ကို အကြံပေးတယ်။ လူမပြတ်ဘဲ အမြဲစည်းကားတဲ့ နေရာမှာဘဲ နေတာ မင်းအတွက် ပိုကောင်းတယ်တဲ့။ ပြီးတော့ အန္တရယ်ကိုရင် ဆိုင်ရတာ တစ်ခါဘဲ ကောင်းတယ်။နှစ်ခါဆို မကောင်းဘူးတဲ့။
![](https://img.wattpad.com/cover/231011367-288-k694760.jpg)