𝖴𝗇𝗂𝖼𝗈𝖽𝖾
𝖡𝗂𝖻𝗅𝖾~
"မင်းမွေးနေ့ ဘယ်သူတွေကို ဖိတ်ထားသေးလဲ"
[မင်းရယ် Lukeရယ်ပါဘဲကွာ....]
Jossရဲ့ မွေးနေ့ရောက်တော့မှာဆိုတော့ အရင်နှစ်တွေ အတိုင်း သွားသောက်ဖို့ ရက်ညှိနေကြတယ်။ Lukeက ဆရာဝန်မို့လို့ အချိန်ညှိယူချိန်းရတယ်။သူမအားတာကြောင့် ကြိုပြီး ကျွေးတာလဲရှိသလို မွေးနေ့ပြီးလို့ တစ်လ နေမှ ကျွေးတာလဲရှိတယ်။ ဒီနှစ်Jossရဲ့မွေးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် Lukeက အားတယ်ဆိုတော့ မတရားတွေပျော်နေကြတာ။ ကျောင်းကတည်းက ငါရယ် Lukeရယ် Jossရယ် တတွဲတွဲ ၊မွေးနေ့လုပ်ရင်လဲ ငါတို့သုံးယောက်ဘဲ။
[ဒီနှစ်မွေးနေ့ ကြီးကြီးကျယ်ကျယ်ဟိုတယ်ဘားမှာ လုပ်မှာကွ]
တဖက်ဖုန်းထဲက နေJossက ဂုဏ်ယူဝင်ကြွားနေတဲ့ လေသံနဲ့ပြောတယ်။
"ကြီးကျယ်ပြန်ပြီ..ငါတို့သုံးယောက်တည်းကို ဘာဟိုတယ် ဘားလဲ ၊ဟိုတယ်ဘား ဆိုတာရော ရှိလို့လား ၊မင်းတို့ နှစ်ကောင်က မွေးနေ့ဆိုရင် မူးအောင်သောက်မှာလေ၊ဟိုတယ်မှာ သရုပ်ပျက်အောင် မလုပ်စမ်းနဲ့"
ငါတို့သုံးယောက်ရဲ့မွေးနေ့ ထဲမှာ ဘယ်သူ့မွေးနေ့ဖြစ်ဖြစ် Lukeရယ် Jossရယ် က မူးကွဲနေအောင်သောက်တာ။
ငါ ပိတ်ဟောက်လိုက်တော့ Jossရဲ့ အသံကျယ်ကြီးက လဲ ထွက်လာ မို့လို့ ဖုန်းကို နား နဲ့ ခွါလိုက်ရတယ်။
[ဟိုတယ်တော့ မဟုတ်ပါဘူးကွာ..ဟိုတယ်ဘား လိုကွာ..ငါရှာတွေ့ထားတာ review တွေလဲ မဆိုးဘူး ၊အဲ့က စားဖိုမှူး ရဲ့ လက်ရာ ကရှယ်ဘဲတဲ့၊ငါတို့ကို အမူးသမားထင်နေလား ဟျောင့်၊အရက် က ငါတို့အားတဲ့ရက်ချ်ိန်းကစ်လို့ရတယ် ဒီနှစ်မွေးနေ့ကိုတော့အေးအေးဆေးဆေးဖြတ်သန်းရမယ် ၊အသက်တွေကြီးလာပြီ ဟူး..ကဲလို့ မကောင်းတော့ဘူးဟ]
"ပြောတဲ့လေသံကိုက သေခါနီးအဖိုးကြီးလေသံနဲ့"
[ဟေး..ငါ့ကိုဆို အကန်ကြီးဘဲ ပြောနေတော့တာဘဲ ခွေးသား]
"ဒါဘဲကွာ..အလုပ်ရှိသေးတယ်"
Jossရဲ့မွေးနေ့က တဘက်ခါ ဆိုတော့ အစ ကတည်းက မွေးနေ့လက်ဆောင်ပြင်ဆင်ထားပြီးသား။ မွေးနေ့အမှီ သွားဖို့ အပြီးသတ်ရမယ့် အလုပ်တွေရှိသေးတယ်။ ဒီည အိပ်တောင် အိပ်ရပါ့မလား။ အဖေ့ကုမ္ပဏီကို အလုပ်စ ဝင် ခါစမို့လို့ မသိတဲ့ အရာတွေများတယ်။ဦးလေးSumက သူကူညီပေးရမလားလို့ ငါ့ကို နားငြီးအောင် မေးပေမယ့် ငါ့အဖြေက အမြဲတမ်း နိုးဘဲ။ စိန်ခေါ်မှုတွေရှိပေမဲ့ ငါလုပ်န်ိုင်ခဲ့တာကြီးဘဲ။ ပရော့ဂျက်တစ်ခုအောင်လေ အဖေ့
က ငါ့ဘဏ်အကောင့်ထဲ ပိုက်ဆံ ထည့်ပေးနေကြ။ ငါ့ကို ရှယ်ယာရှင်တွေ အသိမှတ်ပြုတိုင်း မသိမသာနဂါးမျက်စောင်းနဲ့ ကြည့်နေတဲ့ ဦးလေးSum ကို ခေါင်းထဲမထည့်ထားချင်ဘူး။ အလကားနေရင်း ဦးနှောက်က အမှိုက်ကိုသယ်ထားရတော့ လေးနေမှာ မဟုတ်ဘူးလား။
