Unicode
Bible~
"ရုံးဆင်းရင် အိမ်ကိုတန်းပြန်ခဲ့တဲ့လား!!ဘာဖြစ်လို့ပါလိမ့်"
အဖေ့ဆီက လာတဲ့မက်ဆေ့ကို ဖတ်လိုက်တယ်။အခုနောက်ပိုင်း ကုမ္ပဏီက အလုပ်ဆင်းရင် အိမ်ကိုတန်းပြန်လေ့မရှိတော့ဘူး။တခါတလေ အိမ်မှာတောင် မအိပ်ဖြစ်တော့ဘူး။ဒါပေါ့ ငါအိပ်စရာနေရာရှိသွားပြီကိုး။ညစာကိုတောင် ချစ်သူနဲ့အတူ စားတတ်နေပြီ။Buildရဲ့အိမ်မှာဘဲ အချိန်ကုန်တတ်လာပြီး ပိတ်ရက်မှာတောင် ကုမ္ပဏီက အလုပ်တွေကို အိမ်မှာမလုပ်ဘဲ စာရွက်စာတမ်းတွေယူချလာ ပြီး Buildရဲ့အိမ်ကိုသယ်လာတာ။
အိပ်မကပ်လို့ အဖေက ငါ့ကို တခွန်းမှ မမေးပေမဲ့ ဒီနေ့မှာတော့ အိမ်တန်းပြန်ဖို့ သတိပေးလာပြီ။အိပ်မကပ်တည်းက ရည်းစားအိမ်မှာသွားနေတယ်ဆိုတာကို ရိပ်မိလောက်မှာပါ။ဒါပေမဲ့ ငါ့ချစ်သူက ယောကျာ်းလေး တယောက်ဆိုတာကို အဖေမသိသေးဘူး။ ပြောပြဖို့ အစီစဉ်ရှိပေမဲ့ အခုချက်ချင်းတော့မဟုတ်သေးဘူး။ Buildနဲ့ ငါ တွဲတာ တစ်လနီးပါတောင်မရှိသေးဘူး။အများဆုံးရည်းစားသက်တမ်းကိုသုံးလ၊လေးလ ဘဲ ကုန်ဆုံးချင်တာ ပြီးရင် မင်္ဂလာပွဲကိုလုပ်ဖို့တွေးထားပြီးသား။ ဘာလို့လဲဆိုတော့ ချစ်သူသက်တမ်းကို အကြာကြီး မဖြစ်ချင်လို့။အရေးကြီးဆုံးအချက်က Buildကို အမြန်ဆုံး အပိုင်သိမ်းချင်နေပြီ။
နေ့လည်စာစားချိန်ရောက်နေပြီ!!Buildကို ထမင်းစားဖို့ လှမ်း သတိပေးရဦးမှာ။အလုပ်သရဲလေးက သူများတကာတွေ အတွက်သာ အရသာရှိရှိချက်ပြုတ်ပေးတာ သူ့အတွက်ဆို ထမင်းစားဖို့တောင် အချိန်လွန်မှ စားတတ်တော့ သတိပေးရတာ ခဏခဏဘဲ။ဒီနေ့က Buildရဲ့ အနားယူရက် ။အဲ့တော့ အခုထိ အိပ်ရာပေါ်မှာ အပျင်းလေးလုပ်နေဦးမှာ။
ငါ့အလုပ်ချိန်က မနက်ကိုးနာရီ။ဒီမနက် အလုပ်မသွားခင် ပါးပေါ်နမ်းလိုက်တာကိုတောင် Buildက သိမယ့်ပုံမပေါ်။ နမ်းလိုက်တဲ့နေရာကို လက်နဲ့ ယားသလို ကုတ်ပြီး ကျွတ်ကနဲ စုပ်ပြီး တဖက်ကိုပြန်လှည့်အိပ်သွားတာ။
မနက်ကနမ်းခဲ့တဲ့ အနမ်းက ခိုးနမ်းခဲ့တာ။ Buildကို နမ်းရဖို့ဆိုတာ ခက်ခဲလွန်းတယ်။ ဘယ်လိုမှ သူ့ပါးကို အနမ်းမခံဘူး။ ခွင့်တောင်းပြီးနမ်းဖို့ပြောတာတောင် ဆယ်ခါမှ နှစ်ခါဘဲခွင့်ပြုတာ။ကျန်တဲ့ကိစ္စဆိုရင် ဝေးသေး။နမ်းဖို့ ခွင့်ပြုချက်တောင်းရတာ အများပြည်သူသုံးအိမ်သာရှေ့မှာ တန်းဆီစောင့်နေရသလို အကြာကြီး။
