𝖴𝗇𝗂𝖼𝗈𝖽𝖾
𝖡𝗎𝗂𝗅𝖽~
အမှန်တရားကခါးသလို ဖုံးကွယ်လို့လဲမရသော တချိန်ချိန်မှာ ရင်ဆိုင်ရမယ့်သဘောဘဲ။ဒီနေ့အတွက် စိတ်မလှုပ်ရှားဘူးလို့ပြောရင် လိမ်ရာကျမယ်။ BibleကJeffကိုယုံဖို့ပြောထားပေမဲ့ တရားရုံးက နတ်ကြီးပြီး ကံဆိုးမိုးမှောင်ကျသွားရင်လဲ ကျသွားနိုင်တယ်လို့ ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူးလေ။ပြီးတော့ ဒီနေရာမှာ ငါက အရေးကြီးဆုံးလူတစ်ယောက်ဘဲ။Build Jakapanဆိုတဲ့ ငါက ဒီနေရာမှာ နစ်နာသူမဟုတ်ဘူး။နစ်နာသူဆိုတာ တဖက်လူရဲ့မတရားမှုအောက်မှာရှုံးနိမ့်သွားပြီး ပြန်မတိုက်ခိုက်ဘဲ ခံပြင်းဒေါသကို မြိုချလိုက်တဲ့သူဘဲ။ ငါကလား ၊ငါက သေချာပေါက် အောင်နိုင်သူပေါ့ ။ငါကိုယ်တိုင်က တဖက်ကလူကို ပြန်တိုက်ခိုက်လိုချင်တဲ့စိတ်ရှိပြီး ငါ့ကို ပံ့ပိုးပေးတဲ့သူ ရှိနေတာဘဲ။ တစ်ဦးတည်းသောပေါ့။
တချို့အမှတ်တရတွေကို ပြန်မှတ်မိနေသေးတာဆိုပေမဲ့ Bibleနဲ့ ငါရဲ့အခုဆက်ဆံရေးကအရင်လိုမဟုတ်သေးဘူး။ အနှစ် သုံးဆယ်လောက် ဝေးသွားပြီးမှ ပြန်တွေ့ရသလို ရှိန်းတိန်းတိန်းဖြစ်နေတာ ။ဒါကတော့ သေချာပေါက် ငါ့ဘက်က ဖြစ်နေတာပါ။ Bibleကတော့ လုံးဝ အရင်အတိုင်းပါဘဲ။ သူအနားကပ်လာလို့ ငါက ခပ်ခွါခွါနေရင်တောင် မျက်နှာတချက်မှ မပျက်သွားဘူး။ ငါအတိတ်မေ့သွားတာ မနေ့တစ်နေ့ကလိုဘဲ။ Bibleကို ငါ့ရည်းစားအနေနဲ့မဟုတ်ဘဲ တကယ်ခင်တွယ်ခဲ့ပါရဲ့။ စဉ်းစားကြည့်လေ ငါ့ချစ်သူရည်းစားက နိုင်ငံခြားမှာလို့ သိထားတာ ၊ အဲ့လူက ဗြုန်းကနဲ အသွင်ပြောင်းပြီး သူက ငါ့ချစ်ရသူပါဆိုပြီး ငါ့မှတ်ဉာဏ်ကိုဆွဲထုတ်သွားတာ။မနေ့ကထိ ပျော်ခဲ့တယ်၊ဒီနေ့တော့ ငိုရပြီ။ နာကျင်မှုရယ် ၊မျက်ရည်တွေရယ် က တော့ ရှို့မီးလိုပေါ့။
"Build"
"ဟင်!"
"ဝင်ရအောင်"
Bibleက တရားခွင်ရုံးကို မျက်စပစ်ပြတော့ ခေါင်းအသာ ငြိမ့်ပြလိုက်တယ်။
"Bible.....ကူညီပေးတာကျေးဇူးတင်ပါတယ်"
"ဟားဟား....ဟင်း"
သူ ခပ်ဖွဖွရယ်ရင်း နောက်ဆုံးမှာ အရယ်ပျောက်သွားပြီး သက်ပြင်းချလိုက်ရင်း ငါ့ဆီပြန်လျှောက်လာတယ်။
