အပိုင်း(၁) Unicode

1.1K 44 4
                                    

"Cheer ချကွာသားကြီးတို့ဒီနေ့အရင်မှောက်တဲ့သူခွေးနော်"။

သူငယ်ချင်းဖြစ်သူjimmy၏စကားကြောင့် ဘီယာတစ်ငုံမော့သောက်ကာကျွန်‌တော်သက်ပြင်းချမိသည်။
ဘေးတွင်ချထားသောဖုန်းကိုကြည့်မိတော့ ည၁၀နာရီထိုးနေပြီ။ဖုန်းကိုပြန်ပိတ်ရင်း တစ်တောင်တောင်နှင့် တက်လာသော message အချို့ကို
လျစ်လျူရှုလိုက်သည်။

ကျွန်တော်တို့သူငယ်ချင်းအုပ်စုအခု barတစ်ခုကိုရောက်နေချင်းဖြစ်ပြီး ကျွန်တော်တို့ထိုင်နေတဲ့ဝိုင်းက barဝင်ပေါက်ရှိရာဘက်ကိုမျက်နှာမူထားသည့်နေရာဖြစ်သည်။

"ဟေ့ကောင် Nanon မင်းပျင်းနေပြီလား။ အခုမပျင်းနဲ့ဦးနော်။ ငါခေါ်ထားတဲ့စော်လေးတွေခနနေလာတော့မှာ"

"မပျင်းပါဘူးကွာ။ ဒီညငါမမှောက်မချင်းမပြန်ဘူးလို့ပြောပြီးပြီမဟုတ်လား"။

"မှန်တယ်သားကြီး ။ တကယ်တော့မိန်းမတွေဆိုတာအလကား။လိုရင်သုံးပြီးမလိုရင်ချန်ထားခဲ့လိုက်"

မူးသံရောနေသည့်Jimmyရဲ့စကားကိုဘေးကသူငယ်ချင်းတွေကပါဝိုင်းထောက်ခံကြသည်။

"ဟုတ်တယ်သားကြီးဘာမှခံစားမနေနဲ့"။

ကျွန်တော်ကျစ်တစ်ချက်စုတ်ရင်း ရှေ့မှာရှိနေသည့်ဘီယာတစ်ခွက်လုံးကို
တစ်ဂျိုက်တည်း မော့သောက်လိုက်သည်။

ထိုစဉ် ဘေးဝိုင်းက ‌လက်ခုတ်တီးပြီးမိန်းကလေးတစ်အုပ်စု ရဲ့အော်သံကို
ကြားလိုက်ရသည်။

"Single ဖြစ်သွားလို့ဂုဏ်ယူပါတယ်သူငယ်ချင်း Nook"

"အမယ်လေး ဒီလိုsingleပြန်ဖြစ်ဖို့ငါဘယ်လောက်ထိကြိုးစားခဲ့ရလဲနင်တို့သိလို့လား"

ကောင်မလေးကပြောလည်းပြော လက်ထဲကအရက်ခွက်ကိုပါ မော့သောက်လိုက်သည်။ကျန်လက်တစ်ဖက်ကလည်းဆေးလိပ်ကိုကိုင်ထားလျက်ဖြစ်သည်။

ကျွန်တော်ထိုကောင်မလေးကို
စိတ်ဝင်တစားကြည့်မိလိုက်သည်။
ကောင်မလေးက အတွေးခံဘောင်းဘီလောက်သာသာ ရှည်သော ကြိုးတစ်လုံးအင်္ကျီအနီရောင်ကိုဝတ်ဆင်ထားသည်။ ‌ဖြူဖွေးသောပေါင်တံနှင့် ‌‌ဒေါက်ဖိနပ်အနီက barတစ်ခုလုံးက ယောကျာ်းထုကြီးကိုဖမ်းစားထားသလိုဖြစ်နေ၏။

Love Line (Ongoing)Where stories live. Discover now