ကျွန်တော်မနက်၈နာရီလောက်ဆေးရုံကိုထွက်လာခဲ့သည်။ ပုံမှန်ဆို ကျောင်းတက်ရတဲ့နေ့တောင်ပထမဆုံးအတန်းချိန်ကိုအပျက်ခံပြီးတော့ ကျွန်တော်၁၀နာရီလောက်မှထတာ။
ဒီနေ့ကတော့ ချွင်းချက်။ကျွန်တော်အဖေဆီကိုအရင်ဝင်ရသည်။
အဖေကုမ္ပဏီရှေ့ရောက်တော့ ဝန်ထမ်းအချို့နှုတ်ဆက်လေသည်။ အလုပ်ချိန်က ၉နာရီမှဆိုတော့ကျွန်တော်ရောက်တဲ့အချိန်က ၈နာရီခွဲခါနီးလောက်မို့လူသိပ်မစုံသေး။
ကုမ္ပဏီရဲ့CEOတစ်ယောက်ဖြစ်တဲ့အဖေကတော့၈နာရီလောက်ထဲကအလုပ်စားပွဲမှာထိုင်နေလောက်သည်။
ကျွန်တော်အဖေရဲ့အတွေးရေးမှူးဦးလေးကိုပြုံးပြနှုတ်ဆက်ပြီးအဖေရဲ့ရုံးခန်းထဲဝင်လာလိုက်သည်။
"အမယ်။ထူးထူးဆန်းဆန်းဘာများပူဆာမလို့တုန်း"
"အဖေကသားကိုဘယ်လိုကောင်များထင်နေလဲ။ "
"မဟုတ်ပါဘူးမင်းကငါ့ရုံးခန်းကိုတော်ရုံနဲ့မလာဘူးဘူးလေ။ ပြီးတော့ဒီလောက်အချိန်အစောကြီး။ ငါတော့ထီထိုးရတော့မယ်ထင်တယ်"
"အဲ့လောက်လဲမဟုတ်ပါဘူး"
"ကဲအခုလာတာဘာကိစ္စလဲ။ ဘာလိုချင်လို့လဲ။ ဘယ်သူနဲ့ရန်ဖြစ်လာတာလဲ"
"ဘာတစ်ခုမှမဟုတ်ဘူး။ အဖေရဲ့ဆေးရုံ project ကိစ္စသားပြန်လာယူတာ"
"ဟမ်။ မင်းစာမေးပွဲပြီးသွားပြီလား"
"ဟုတ်တယ်။ အဲ့ဒါကျွန်တော်ဘွဲ့မရခင်ကျွန်တော်ရဲ့ပထမဆုံးအလုပ်အဖြစ်အဲ့ဒါကိုလုပ်ချင်တယ်။ "
"သားရယ်။ အဖေ့ကိုလာခွင့်တောင်းစရာမလိုပါဘူး။ ဒီကိစ္စတွေကသားကိုအဖေအစောထဲကဖြစ်စေချင်တဲ့ကိစ္စတွေလေ။"
"ဟုတ်အဖေ။"
အဖေကကျွန်တော့်ကိုစကားပြောပြီးစားပွဲခုံဘေးကခလုတ်လေးကိုနှိပ်ပြီးအတွေးရေးမှူးမလေးကိုလှမ်းပြောလိုက်သည်။
"Aii Kornကိုအထဲကိုလာခိုင်းလိုက်"
(A/N) Kornက Nanon အဖေရဲ့အတွေးရေးမှူးဦးလေးပါနော်။ အရှေ့မှာပါဖူးပါတယ်။ သာသာက Update နောက်ကျတော့ဒါဒါလေးတို့မေ့နေလောက်မယ်ထင်လို့ပါ။
ခနကြာတော့ ဦးလေးkornအခန်းထဲဝင်လာသည်။
"ဟုတ်ပြောပါသူဌေး"
YOU ARE READING
Love Line (Ongoing)
ФанфикшнLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
