အပိုင်း(၁၂) Unicode

445 40 7
                                        

ကျွန်တော် Ohmကိုအတန်ကြာအောင်ဖတ်ထားမိသည်။ သူ့ရဲ့ နွေးထွေးတဲ့ရင်ခွင်နဲ့ ယောကျာ်းဆန်တဲ့အနံ့မွှေးမွှေးလေး‌တို့ကြောင့်ကျွန်တော် ပို၍အမောပြေသည်။ မိနစ်ပိုင်းလောက်ကြာတော့မှကျွန်တော်သတိပြန်ဝင်သည်။ ထူးဆန်းတာက Ohmကကျွန်တော်
ဖတ်တာကိုမတွန်းထုတ်တဲ့အပြင် သူ့ရဲ့လက်လေးနဲ့တောင်ကျွန်တော့်ကျောပြင်ကိုကလေးပုတ်သလိုပွတ်ပေးနေသည်။
ခံစားလို့ကောင်းလိုက်တာ။

အချိန်နည်းနည်းကြာတော့ ကျွန်တော်ဆေးရှိန်ကြောင့်အိပ်ငိုက်လာတယ်ထင်တယ်မျက်လုံးတွေလေးလာပြီးခေါင်းကိုက်လာသည်။

"ဟင်းးးး"

"Nanon အဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲ"
ကျွန်‌တော်‌ခေါင်းကိုက်လို့ ငြီးတဲ့အသံကြားတော့ Ohmကဖတ်ထားတာကိုဖယ်ပြီးကျွန်တော့်ကို ကြည့်နေသည်။

"ရတယ်။ ငါခေါင်းနည်းနည်းကိုက်သလိုလို။ မူးသလိုလိုဖြစ်နေတာ။
ပြီးတော့"
သူကျွန်တော့်ကိုစိုက်ကြည့်နေတဲ့မျက်လုံးစူးစူးတွေကြောင့်ကျွန်တော်ပြောစရာစကားတောင်ထစ်တယ် ။ ချောလိုက်တာ။

"ပြီးတော့ရော။ ဘာဖြစ်သေးလဲ"

"ပြီးတော့‌ မျက်လုံးလဲလေးနေတယ်။"

"လောလောဆယ်တစ်ခုခုစားထားလိုက်။ အစာမရှိလို့ခေါင်းမူးခေါင်းကိုက်ဖြစ်နေတာ။ မျက်လုံးလေးနေတာကတော့ဆေးရှိန်ကြောင့်ဖြစ်နေတာ။ငိုထားတာကြောင့်လဲပါတယ် "
ကျွန်တော်ပြောတာကိုခေါင်းလေး
တစ်ငြိမ့်ငြိမ့်နဲ့နားထောင်နေတဲ့
ပါးချိုင့်ကောင်လေး။

"ခေါင်းအရမ်းမလှုပ်နဲ့လေ ။ ခေါင်းပိုမူးလိမ့်မယ်။ အဲ့တော့မင်းမိသားစု ကော။ သူတို့ကိုဖုန်းဆက်လိုက်လေ။ မင်းစားဖို့တစ်ခုခုလုပ်ပေးဖို့"

"မင်းလုပ်ပေးလို့ရတာပဲလေ။"

"မရဘူးငါ ဂျူတီပြန်ဝင်ရတော့မှာ"
Ohmကသူ့လက်ကနာရီလေးကိုငုတ်ကြည့်ပြီးပြန်ဖြေသည်။

"အခုဘယ်နာရီရှိပြီလဲ"

"မနက်၅နာရီခွဲ"

"မင်းရဲ့ဂျူတီချိန်ကဘယ်ချိန်လဲ"

Love Line (Ongoing)Where stories live. Discover now