ဟောပြောတဲ့အခန်းထဲရောက်တော့လဲကျွန်တော်Nanonကိုလိုက်ရှာနေတာ။ ကွင်းထဲမှာကျောင်းသားတွေအများကြီးဆိုတော့တော်တော်ရှာရခက်တယ်။ တော်တော်ကြာတော့မှ ပါးချိုင့်ကောင်လေးကိုတွေ့သည်။ မျက်နှာလေးကလည်းဆူပုတ်နေတာပဲ။ ဘာကိုအလိုမကျဖြစ်နေတာလဲမသိဘူး။ သူ့ကိုရှာတွေ့ပြီးမကြာခင် ကျွန်တော်ဟောပြောရမဲ့အလှည့်သို့ရောက်လာသည်။ ကျွန်တော်စင်ပေါ်ရောက်တော့ သူရှိတဲ့နေရာကိုလှမ်းကြည့်မိသည်။ ထိုကောင်လေးကတော့စင်ပေါ်ကိုတစ်ချက်တောင်လှမ်းမကြည့်ဘူး ခေါင်းကြီးငုတ်ပြီးဖုန်းကိုသည်းကြီးမည်းကြီး ကြည့်နေတာ။ ကျွန်တော်လည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့စကားအချို့ကိုပြောနေပေမဲ့ အကြည့်ကတော့ ထိုကောင်လေးဆီကမလွှဲနိုင်။ ကျွန်တော်ဒီကိုအပင်ပန်းခံလာရတဲ့အကြောင်းအရင်းကလည်းထိုအတွက်ကြောင့်ပဲမလား။ Nanonဘေးကပ်ရက်မှာထိုင်နေတဲ့JimmyကNanonကိုဘာလှမ်းပြောလို့လည်းမသိဘူး သူတို့အုပ်စုစင်ဘေးနောက်ကိုကြည့်နေကြတာ။ ခနကြာတော့ Nanonကလည်းတစ်ခုခုကိုရှာဖွေတဲ့ပုံ။ နောက်ဆုံးတော့ကြည့်ပါပြီစင်ပေါ်ရှိကျွန်တော့်ကို ။သူကျွန်တော့်ကိုကြည့်လိုက်တဲ့အချိန်ကျွန်တော်သူ့ကိုပြုံးပြလိုက်သည်။ ကျွန်တော့်ရဲ့ရုတ်တရက်အပြုံးကြောင့်မို့လားမသိဘူးထိုကောင်လေးကတော့ ဂရုမစိုက်ပဲ ဖုန်းရှိရာဆီသို့ပဲခေါင်းပြန်ငုတ်သွားသည်။အပြုံးရဲ့ အကျိုးဆက်အနေနဲ့ကတော့ ကျောင်းသူအချို့ရဲ့အော်သံအချို့ ။
Flash back end✨
"ခုလိုကျန်းမာရေးဟောပြောပွဲအတွက် အချိန်ပေးတဲ့အတွက်ဆရာဝန်လောင်းလေးတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာ"
"👏👏👏"
"အခု ကျောင်းသား/ကျောင်းသူတွေက
Notice board မှာကပ်ထားတဲ့အုပ်စုတွေအလိုက် ဆေးထိုးရန် တန်းစီပေးကြပါ ခင်ဗျာ။ အာလုံးသွားလို့ရပါပြီ"
ကျောင်းအုပ်ကြီးရဲ့စကားသံအပြီး ကျောင်းသား/ကျောင်းသူတွေအားလုံး လုပ်စရာရှိတာလုပ်နေကြသည်။
အာလုံးကတက်တက်ကြွကြွဖြစ်နေ
ပေမဲ့လည်းငိုမဲ့မဲ့တစ်ယောက်တော့ရှိနေပါတယ်။
"Nanonငါတို့သွားပြီနော်"
"အေးအေး"
ကျွန်တော်နဲ့ဟိုနှစ်ကောင်နဲ့ကအုပ်စုမတူတာကြောင့် သက်သက်စီသွားရသည်။
YOU ARE READING
Love Line (Ongoing)
FanfictionLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
