အပိုင်း(၉) Unicode

437 41 4
                                        

"ဘာ!!ဘာပြောလိုက်တာလဲ။ မင်း!"
ကျွန်တော်ပါးချိုင့်ကောင်ပြောတဲ့စကားကြောင့်ကြက်သီးထမိသည်။ ဒီကောင်ရူးနေတာလား ။ ကျွန်တော်များနားကြားမှားတာလားလို့ ထပ်မေးမိသည်။

"ငါမင်းကိုလိုက်မယ်လို့ပြောတာ။ "

ထိုကောင်လေးကတော့ မျက်နှာတောင်တစ်ချက်မပျက်ဒီလိုစကားမျိုးကိုအေးဆေးပြောနေတာ။

"မင်း ရူးနေတာလား Korapat "

"Nanonလို့ခေါ်ပါ။ Nonလို့ခေါ်လည်းရတယ်"

ဒီလိုစကားမျိုးကိုအေးဆေးပြောပြီး အခုလည်းကြည့် စကားကိုဘယ်လိုတွေပြောနေတာလဲကိုမရှိဘူး။ ဒီကောင်လေးကရှက်ကြောပျက်နေတာလား။ အခုလည်း ပါးချိုင့်ပေါ်အောင်ကိုပြုံးနေတာ။

"မခေါ်ဘူး။ မင်းရူးနေလည်းဆေးလှုပ်သောက်လိုက်။ ငါသွားပြီ"
ကျွန်တော်ထသွားမယ်လုပ်တော့သူလက်ကိုအတင်းဆွဲထားသည်။

"မသွားနဲ့ဦး။ ငါပြောလို့မပြီးသေးဘူးလေ။ "

"မပြောနဲ့တော့ဘာမှ"

"မင်းမှာယဉ်ကျေးမှုမရှိဘူးလား။လူတစ်ယောက်က စကားပြောလို့မပြီးသေးဘဲထသွားရင်ရိုင်း‌တယ်လေ။"

"မင်းကအဓိပ္ပာယ်ရှိတဲ့အကြောင်းကိုပြောနေတာမှမဟုတ်တာ။ အဓိပ္ပာယ်မရှိတဲ့အရာအတွက်တော့အချိန်ကုန်မခံနိုင်ဘူး"

"အဓိပ္ပာယ်ရှိရှိမရှိရှိ မင်းရဲ့အနာဂတ်ရည်းစားဖြစ်လာမဲ့လူရဲ့စကားကိုနားထောင်ရမှာပဲ"

"မင်း!!!"

"ခွီး။ ဟားဟားဟား ။မျက်နှာကြီးနီရဲနေတာပဲ။ ဒေါက်တာOhm။ ဟီး"

"အရှက်မရှိတာ"

"တော်ပြီ။ မစတော့ဘူး"
ကျွန်တော်ဗလကောင်ကိုမစတော့ဘူးသာပြောသာရီတော့ရီချင်နေသေးသည်။ သူ့ကိုစရတာတော်တော်ပျော်ဖို့ကောင်းတယ်။ မျက်နှာကြီးကိုနီရဲနေတာ။ တစ်ခါမှရည်းစားမထားဖူးတာသိသာတယ်။ ရည်းစားစကားအပြောမခံရဘူးတာတော့မဟုတ်လောက်ဘူး။ သူ့ရုပ်ရည်နဲ့ဆိုတော့ အပြောတော့ခံရလောက်မှာ။အခုတော့စကားလေးဆက်လိုက်ပါဦးမယ်။

"အဲ့တော့မင်းအဖြေကဘာလဲ"

"ဘာကိုလဲ"

"ငါမင်းကိုလိုက်မယ်ဆိုတာလေ"

Love Line (Ongoing)Where stories live. Discover now