ညနေ 6နာရီထိုးတော့ ဂေဟာကကလေးတွေနဲ့ဆရာတွေကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ တွေအိမ်ပြန်လာခဲ့ကြတယ်။ နောက်ဆုံးတော့ ကျွန်တော် Ohm Pawatအချစ်နဲ့တွေ့ဖူးခဲ့ပြီလေ ဟဲဟဲ ။ ဘေးနားကအကောင်ပေါက်လေးကတော့ဘယ်လိုနေလဲမသိပေမဲ့ ကျွန်တော်ကတော့ရင်တွေခုထိခုန်နေတုန်း။
"Ohm ဘာတွေတွေးနေတာလဲဟင်"
ကျွန်တော် ပခုံးပေါ်သူ့မေးစေ့လေးတင်ရင်းမေးလာတဲ့ အကောင်ပေါက်ရဲ့စကားကြောင့် ကျွန်တော်အတွေးတွေကိုရပ်ပစ်လိုက်မိသည်။
"ဟင် Nonနိုးလာပြီလား။ ရေသောက်ဦးမလား "
"မသောက်တော့ပါဘူး။ Ohm ဘာတွေတွေးနေတာလဲလို့"
ကျွန်တော် Nonရဲ့လက်ဖဝါးနုနုလေးကိုကိုင်ရင်း
"ကိုယ်ပျော်လို့ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်မိတာ "
"ဘာကိုလဲဟင်"
"ကိုယ်Nonနဲ့ဒီထက်ပိုပြီးစောစောတွေ့ခဲ့သင့်တာ ။ တစ်ရက်လောက်စောစောပိုတွေ့ခဲ့ရင် တစ်ရကါလောက် အချစ်တွေပိုလို့ရတာပေါ့"
"Ohm!! မင်းဘာလို့အဲ့လောက်စကားတွေတတ်နေတာလဲကွာ "
"ချစ်လို့"
"....."
"Nonကိုချစ်လို့ "
"Nonလည်း Ohmကိုချစ်တယ်နော် "
"ပြွတ်စ် "
"အင်အင်း။ Ohm!!! သူများတွေတွေ့ကုန်မယ်လေ"
"အကုန်လုံးအိပ်နေကြတယ်။ ဘယ်သူ့မှမတွေ့ဘူး"
ကျွန်တော်သူ့နှုတ်ခမ်းထော်ထော်လေးကိုအနမ်းလေးပေးလိုက်တော့ ရဲတက်လာတဲ့မျက်နှာလေးနဲ့ သူများတွေတွေ့မှာကြောက်နေတာ။ ဒါလား စစတွေ့တုန်းက လက်ရဲဇက်ရဲကောင်လေးဆိုတာ။
ည၉နာရီလောက်ကြတော့ ကျွန်တော်တို့ ကျောင်းကိုပြန်ရောက်ကြသည်။ ကျွန်တော်မှာကားမပါလာတာကြောင့် Nonကသူ့ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးသည်။
"Non ကားကိုကိုယ်မောင်းမယ်"
"မရပါဘူး Nonမောင်းမယ်။ Nonကကားပေါ်မှာလဲ အိပ်ပြီးလိုက်လာတာဟာကို။ Ohmကမအိပ်ရသေးဘူးလေ"
"မရဘူးNon"
"Ohmရယ်အရင်ကလည်း မောင်းနေကြကို အခုမှဘာတွေဖြစ်နေတာလဲ"
YOU ARE READING
Love Line (Ongoing)
FanfictionLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
