ဖေဖေ!! ဟုတ်တယ် သားဖေဖေကိုတွေ့လိုက်တာ။ ဒါမဲ့သားအကျယ်ကြီးအော်ခေါ်နေပေမဲ့ဖေဖေကသားကိုမကြည့်ပဲဖုန်းပဲပြောနေတာ။သားဖေဖေနောက်ကိုပြေးလိုက်သွားတော့။
(A/N)Nanonကသူ့ကိုယ်သူသားလို့သုံးတာကကလေးဘဝမှာမို့လို့ပါနော်။ ရောသွားကြမှာဆိုးလို့ပါ🙆🏻♀️
"သားရေ။ Nanon"
အခန်းတံခါးခေါက်နေသောအမေ့အသံကိုကြားတော့အတွေးတို့ကိုလက်စသက်ပြီး အနွေးထည်နဲ့ဖုန်းကိုယူကာ ။ အခန်းတံခါးကိုဖွင့်လိုက်သည်။
"သားNanonညစာစားမယ်လေ။ အမေပြင်ဆင်ပြီးပြီ။ သားကြိုက်တဲ့
ကြက်ဥမွှေကြော်ရယ်။ ပြီးတော့"
"ကျွန်တော်ပြန်တော့မယ်"
အမေကကျွန်တော့်ကိုလာချော့မှန်းသိတာပေါ့။ အရင်အိမ်ခွဲမနေခင်ကညစာစားဖို့ဆိုရင် အိမ်အကူတွေကိုပဲလာခေါ်ခိုင်းနေကြ။ အခုအမေကိုယ်တိုင်လာခေါ်တယ်လေ။ ကျွန်တော်စိတ်ဆိုးနေမှန်းသိလို့ဒီလိုလုပ်နေတာ။ ဒါမဲ့အမေ့ကိုစိတ်မဆိုးရက်ပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော့ရဲ့မွေးစားအမေဖြစ်တဲ့ဒေါ်လေးပေါ့။ အမေရင်းမဟုတ်ပင်မဲ့ကျွန်တော့်ကိုသားအရင်းလေးတစ်ယောက်လိုချစ်ပေးဂရုစိုက်ပေးခဲ့တာကို။
"သားရယ်။ ဒီညတော့အိပ်သွားပါ။"
ကျွန်တော်ဝဲတက်လာသောမျက်ရည်စတို့ကိုတစ်ဖက်သူမမြင်စေရင် စကားပြန်မပြောတော့ဘဲ အိမ်အောက်ထပ်သို့ပဲဆင်းလာလိုက်သည်။အောက်ရောက်တော့လည်း
"Nanonပြန်တော့မလို့လားသား။ ထမင်းမစားတော့ဘူး"
"မစားတော့ဘူး။ မြိုမကျလို့"
ကျွန်တော်အဖေ့ကိုခက်ရိုင်းရိုင်းပဲစကားပြောပြီး အိမ်အပြင်သို့ထွက်ခဲ့သည်။ခြံရှေ့ရောက်တော့မှသတိရတယ်။ ကျွန်တော်ကားမပါလာဘူး။ အဖေတို့ကကျွန်တော့်ကို အိမ်ကနေအတင်းလာခေါ်သွားတာ။
ကားကကျွန်တော့်ကွန်ဒိုလေးမှာကျန်ခဲ့တာ။
"ကျစ်!!ချီးထဲမှပဲ"
ကျွန်တော်Waiကိုဖုန်းခေါ်ကြည့်တော့ ဖုန်းမကိုင်ဘူး။Drakeကျတော့သူ့ကောင်မလေးနဲ့ dateနေလို့Taxiငှားပြန်တဲ့ ။ခွေးကောင်က Taxiဖိုးဆိုပြီးပိုက်ဆံတောင်လွှဲပေးလိုက်သေး။
သေနာကောင်။ မိုးတွေကလည်းတစ်ဖွဲဖွဲရွာနေတာ။ ဒီနေ့တော့Nanonတို့ကံဆိုးတဲ့နေ့ပဲ။
Taxiတစ်စီးတွေ့တော့ ငှားလိုက်ပြီး လမ်းတစ်ဝက်ကျမှ ဖုန်းအားကုန်တာသိတော့ ပိုက်ဆံတွေကလည်းဖုန်းထဲမှာ။ ကားခပေးစရာမရှိတော့ taxiသမားရဲ့အဆဲဆိုခံရပြီး ကားပေါ်ကဆင်းရသေးတယ်။
YOU ARE READING
Love Line (Ongoing)
FanfictionLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
