Short Part( Unicode)

236 19 0
                                    

ကျွန်တော့်ဆီကိုပါးချိုင့်ကောင် ဖုန်းဝင်လာတော့ကျွန်တော်Seaကိုခဏနော်လို့ပြောပြီး ဆိုင်အပြင်ကိုထွက်လာတော့Seaမျက်နှာကတစ်ခုခုကိုအလိုမကျသလိုဖြစ်နေသည်။ ကျွန်တော်ဂရုမစိုက်တော့ပဲအပြင်သို့ပဲထွက်လာလိုက်သည်။

"ဘာလဲ"

"အမယ်ဒီတစ်ခါတော့ငါ့ဖုန်းကိုမှတ်ထားပုံရတယ်"
ရီသံနဲ့ပြောနေသူကိုကျွန်တော်ဂရုမစိုက်ပဲစကားသာဆက်ရသည်။

"ဘာလို့လဲကွာ။ ဘာကိစ္စရှိလို့လဲ။မင်းငါ့ဆီဖုန်းဆက်တာနှစ်ခါရှိပြီနော်"

"ငါပြောစရာရှိလို့။ မနက်ဖြန်မင်းကိုတွေ့မယ်ဆိုတာကိုငါဖြတ်မလို့"

"ဟမ်"
ကျွန်တော်ရုတ်တရက်ကြောင်သွားသည်။သူဘာတွေပြောနေတာလည်းဆိုတာနားမလည်ပေမဲ့ ကျွန်တော်သူ့ကိုပြန်မမေးတော့။

"အဲ့ဒါလှမ်းပြောတာ။ ဒါပဲနော် "

ပါးချိုင့်ကောင်ကထုံးစံအတိုင်းပြောချင်တာတွေပြောပြီးဖုန်းချသွားပြန်ပြီ။ ကျွန်တော်ဖုန်းကိုအတန်ကြာအောင်စိုက်ကြည့်ရင်းစဉ်းစားမိတော့မှ ညနေကသူဖုန်းဆက်တုန်းကကျွန်တော်နဲ့တွေ့မယ်လို့ပြောထားတာပြန်သတိရလာသည်။ ကျွန်တော်လည်း ကျွန်တော့်ညီမကိစ္စနဲ့တော်တော်စိတ်ရူပ်‌နေတာနဲ့မေ့နေတာ။ တော်သေးတယ်ဘာကြောင့်လဲဆို‌တဲ့မေးခွန်းကိုမမေးခဲ့လို့။ မေးသာမေးခဲ့ရင်ပါးချိုင့်ကောင်ကရစ်နေဦးမှာ။
နေပါဦးသူကဘာလို့တွေ့ဖို့ကိုဖြတ်ရတာလဲ။ ထားလိုက်ပါမတွေ့တာပိုတောင်ကောင်းသေးတယ်။
ကျွန်တော်ဖုန်းပြောပြီးဆိုင်ထဲပြန်ဝင်လာတော့ မျက်ထောင့်နီနဲ့ကြည့်နေတဲ့Sea

"ဘာလဲ။ဘာတွေလာကြည့်နေတာလဲ"
ကျွန်တော်စားပွဲခုံပေါ်ဖုန်းလှမ်းတင်ရင်း ပြောလိုက်သည်။

"ဘယ်သူလဲ ပါးချိုင့်ကောင်ဆိုတာ။"

"မင်းမြင်လိုက်တာလား"
ကျွန်တော်တို့စကားတွေအများကြီးပြောခဲ့တာကြောင့်အေးသွား‌တဲ့
ကွေ့သယို ကိုတစ်လုတ်စားလိုက်ရင်းပြောလိုက်သည်။

"အေးမြင်တယ်။ခွေးကောင်ရဲ့။ မင်းငါ့ကိုဘာတွေဖုံးကွယ်နေတာလဲ။ "

"တော်ပြီစကားမများနဲ့တော့ မုန့်တွေအေးကုန်ပြီမင်းပဲဗိုက်ဆာတယ်ဆို"

ကျွန်တော်ပါးစပ်ထဲကိုအသားလုံးထည့်မည်အလုပ်Seaကတူကိုဆွဲယူပြီးဆက်ပြောသည်။

"မင်းစကားလမ်းကြောင်းမလွဲနဲ့နော်ခွေးကောင်။ မှန်မှန်ပြောရည်းစားမလား"

"ဘောကိုရည်းစားလား။ ငါ့ကိုလိုက်နှောက်ယှက်နေတဲ့ကြွက်စုတ်လေး"

"ဟုတ်ရောဟုတ်ရဲ့လား"
မျက်စိကို‌မှေးပြီးseaပြောနေ၏။

"တကယ်ပြောနေတာ။ ငါ့မှာစိတ်ရူပ်လွန်းလို့။အဲ့အကြောင်းတွေတောင်ပြန်မပြောချင်တော့ဘူး။စားစား"

"မင်းဘက်ကရိုးသားပင်မဲ့သူ့ဘက်ကရောဟုတ်ရဲ့လား"

"ဟာ။ဘာတွေမေးနေတာလဲကွာ။ သူကယောကျာ်းလေးငါကလည်းယောကျာ်းလေးလေ။ ဘယ်လိုကြိုက်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲကွာ။ "

"အချစ်မှာမျက်စိမရှိဘူး။ လူတစ်ယောက်ကိုတကယ်ချစ်ပြီဆိုရင်အထီးအမရယ်လို့မရှိဘူး။Love is loveပဲ"

"ငါစိတ်မဝင်စားဘူး"

"အေးမင်းပြောတာနော်။ နောက်တော့မှတစ်မျိုးမပြောနဲ့"

"အေးအေး။ မြန်မြန်စား။ စကားမများနဲ့တော့။"
_______________________________

ကျွန်တော်ဗလကောင်ကိုမနက်ဖြန်မတွေ့ဖို့ဖုန်းဆက်လိုက်သည်။အကြောင်းအရင်းကတော့ ကျွန်တော်မနက်ဖြန်
သူတို့ဆေးရုံကိုအလုပ်ကိစ္စနဲ့သွားမည်ဖြစ်သောကြောင့်ဖြစ်သည်။အဲ့ခါကြရင်သူနဲ့လည်းတွေ့နိုင်မယ်လေ။ ကျွန်တော်ကိုအဖေတောင်အံဩနေတာသူ့ရဲ့ အလုပ်ကိစ္စကိုစိတ်မဝင်စားတဲ့ကျွန်တော်ကအခုတော့လိုလိုလားလားနဲ့ကိုအလုပ်ကြိုးစားနေတာကြောင့်‌ဖြစ်သည်။

(A/N) သာသာupdateနောက်ကျပြီး ကတိမတည်သလိုဖြစ်သွားလို့တောင်းပန်ပါတယ်နော်🥺🙏။ အားရင်အားသလိုလေး Upပေးပါ့မယ်နော်။
Short Partလေးကိုရေးတာကလေ သာသာအားတဲ့အချိန်လေးတွေရရင်ရသလိုရေးရတာမို့တိုသွားတဲ့သဘောပါ။ အတတ်နိုင်ဆုံး ပုံမှန်Upနိုင်အောင်လုပ်ပါ့မယ်ရှင့်။💚❤️
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်🙆🏻‍♀️



Love Line (Ongoing)Where stories live. Discover now