အပိုင်း(၁၇) Unicode

431 29 12
                                        

ဟူးဘာလိုလိုနဲ့ကျောင်းပြန်ဖွင့်မဲ့ရက်ကိုရောက်လာပြီပဲ။ လွန်ခဲ့တဲ့သုံးရက်လုံးအိမ်တံခါးပိတ်ပြီးနေနေခဲ့တာ။
ဘယ်သူ့ကိုမှလည်းမဆက်သွယ်ဖြစ်သလို ဘယ်သူကမှလည်းမဆက်သွယ်‌လောက်ပါဘူး။ ဒီနေ့ကတော့အပြင်မထွက်ချင်ရင်တောင်ထွက်ရတော့မယ့်နေ့။
Power ပိတ်ထားတာသုံးရက်ကြာပြီဖြစ်သောဖုန်းကိုဖွင့်ကြည့်လိုက်တော့
50missed call from ဗလကောင်။
4 missed call from Dad.
10 missed call from Jimmy.
6missed call from Drake.
5 missed call from Nook.
Missed callတွေတန်းစီနေရောပဲ။ ဒါတောင်unknown Noတွေကျန်သေးတယ်။ အများ‌ဆုံးဖုန်းခေါ်ထားတာကတော့Ohm Pawatဆိုတဲ့ဘဲကြီး။ ခုမှဘာလို့လာဆက်သွယ်နေသေးတာလဲ။ ဟိုမိန်းမနဲ့ပဲပျော်နေလိုက်လေ။
ကျွန်တော်ဘယ်သူ့ဆီကိုမှဖုန်းပြန်မဆက်ဖြစ်။ ဖုန်းကိုတော့Powerပြန်ဖွင့်လိုက်သည်။ ခုလဲ အိမ်ထဲက
မထွက်ချင်ပေမဲ့လည်းကျောင်းပြန်ဖွင့်တဲ့ပထမဆုံးနေ့မို့မသွားလို့လည်းမဖြစ်။ အသည်းကြီးပဲထိုင်ကွဲနေလို့ဖြစ်မလား။ကိုယ့်အတွက်လည်းကိုယ်ကြည့်ရမယ်လေ။ကျောင်းသွားရန်ရေမိုးချိုးပြင်ဆင်ရတော့မည်။

"ခွေးကောင်။ ပေါ်လာသေးသားပဲ"

"လာရမှာပေါ့။ ကျောင်းပိတ်ပြီးဖွင့်တဲ့ပထမဆုံးနေ့ပဲလေ"

"မင်းအဆင်ပြေတယ်မလား"

"ဘာကိုမပြေစရာရှိလဲ။ ဒါနဲ့ Jimmyရော"

"ခနနေလာလိမ့်မယ်။ ဆရာမကပြောစရာရှိလို့ဆိုပြီးခေါ်သွားတယ်"

"အော်။ အင်း"
ကျွန်တော့်အရင်တုန်းကစိတ်နဲ့သာဆိုရင် ဘာလို့သွားတာလဲ။ ဘာလုပ်မလို့လဲ။ ဘာညာဆိုပြီးမေးဦးမှာဆိုပေမဲ့
ခုတော့အဲ့လိုစကားများနိုင်ဖို့အင်အားမရှိဘူး။ ကျွန်တော်စာရေးခုံပေါ်မှာပဲခေါင်းမှောက်အိပ်လိုက်သည်။Drakeနဲ့Jimmyလည်းကျွန်တော့်ကို
ပြသာနာလာမရှာရဲကြ။ သူတို့ကျွန်‌တော့်စိတ်ကိုသိတယ်လေ။
ကျွန်တော့်မွေးနေ့ညကကျွန်တော်ဆူပုတ်ပုတ်ဖြင့်သူတို့ဆီပြန်လာထဲက မင်းငိုထားတာလားဆိုတဲ့စကားအပြင် ဘာမှထပ်မမေးခဲ့။ သူတို့လည်းရိပ်မိလောက်မယ်ထင်ပါတယ်။ ကျွန်တော်က တော်‌ရုံတန်ရုံကိစ္စလောက်နဲ့တော့ဖြုံ‌တဲ့ကောင်မဟုတ်တော့။ အခုလည်းကျွန်တော်စိတ်ကိုသိပုံပဲ သူတို့ပုံကကျွန်တော့်အရိပ်ခြေကိုကြည့်နေတဲ့ပုံပေါ်တယ်။
ခနကြာတော့ ကျွန်တော့်ပခုံးကိုဆွဲလှုပ်လိုက်တော့ Jimmyရဲ့လက်ကြောင့်ကျွန်တော်နိုးလာရသည်။

Love Line (Ongoing)Where stories live. Discover now