P'Ohmက P'Nanonလက်ကိုအတင်းဆွဲပြီးဆိုင်ရှေ့ကိုဆွဲခေါ်သွားတော့Nookတစ်ယောက်စိတ်ပူမိသည်။
P'Ohm ကငယ်ငယ်ထဲကအနေအေးတဲ့သူဆိုပေမဲ့သူမနဲ့ပတ်သတ်လာရင်တော့မရဘူး။ သူမ မူလတန်းအရွယ်တုန်းက သူမထက်အတန်းကြီးတွေကသူမကိုအနိုင်ကျင့်တော့ P'Ohmကအဲ့ကောင်တွေကိုဝင်ပြီးလက်သီးနဲ့ထိုးခဲ့တာ။ အနေအေးပြီး ရန်ဖြစ်ရတာမကြိုက်တဲ့Pက အဲ့ကောင်တွေကိုလက်သီးနဲ့ထိုးခဲ့တာ။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်လုံးရုံးခန်းထဲရောက်တော့ မိဘခေါ်ခံရတာ အိမ်ပြန်ရောက်တော့အဖေရဲ့ ခါးပတ်ပြားစာတောင်မိခဲ့သေးတယ်။ခုလည်းP 'Nanonကဘာလုပ်မလို့လည်းမသိဘူး။ P'Nanonက သူမရဲ့အသက်ကယ်ပေးတဲ့ကျေးဇူးရှင်ပဲ။ တကယ်လို့P သာမကယ်ခဲ့ရင်သူမ အခုဘယ်လိုအခြေအနေဖြစ်နေပြီလဲဆိုတာမတွေ့ရဲစရာပဲ။ အခု P'Ohmကိုသူမ တားရန်ခုံမှအထ မှန်ရှေ့မှမြင်နေရတဲ့ P'Nanonက သူမကိုလက်လေးမသိမသာကာပြသည်။(A/N) Nanonတို့စားတဲ့စားသောက်ဆိုင်က တစ်ဆိုင်လုံးမှန်တွေကာထားတဲ့စားသောက်ဆိုင်မို့လို့ အပြင်ကဘာလုပ်လုပ်အထဲကမြင်ရသလို အထဲကလူတွေကိုလည်းအပြင်ကမြင်ရပါတယ်နော်။ အခုလည်း Nookထိုင်နေတဲ့နေရာကနေ Ohmက Nanon ကိုဆွဲခေါ်သွားတဲ့နေရာကိုမြင်ရပါတယ်နော်။
"မင်းဘာလို့ငါ့ကိုလိုက်နှောက်ယှက်နေရတာလဲ!!ဟမ်!မင်းဘာလိုချင်လို့လဲ"
"ငါဘာမှမလိုချင်ပါဘူး။ အခုကလည်းငါကမင်းညီမကိုကယ်ထားတာနော်။ မင်းငါ့အပေါ်ကျေးဇူးကြွေးတင်သွားပြီ"
"ကောင်းပြီလေ။ အဲ့တော့မင်းဘာလိုချင်လဲ"
စကားထပ်မရှည်ချင်တော့တာကြောင့်သူနဲ့စကားထပ်မများနေတော့။"အင်းငါခုထိမစဉ်းစားရသေးဘူး။ စဉ်းစားလို့ရရင်ထပ်ပြောမယ်လေ"
"ဒါမဲ့တစ်ခုတော့ရှိတယ်။ မင်းလိုချင်တာရပြီးရင်တော့ ငါ့ကိုမနှောက်ယှက်နဲ့တော့။ပြီး..."
ကျွန်တော့်စကားတောင်မဆုံးသေးဘူး။ရုတ်တရုတ် ပြုမှုလာတဲ့ထိုကောင်လေးရဲ့ပုံစံကြောင့်ကျွန်တော်ကြောင်ကြည့်နေမိတာ။
သူကသူ့လက်ညိုးသေးသေးသွယ်သွယ်လေးနဲ့ကျွန်တော့်ပါးစပ်ကိုစကားဆက်လို့မရအောင်လာပိတ်လိုက်တာ။

YOU ARE READING
Love Line (Ongoing)
Hayran KurguLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...