အပိုင်း(၁၄) Unicode

377 34 15
                                        

ဦးလေးဆီကအခန်းသော့ယူပြီး အခန်းရှိရာသို့ဝင်လာခဲ့သည်။
အခန်းလေးက ကျယ်လည်းမကျယ်ကျဉ်းလည်းမကျဉ်းပေ။ နှစ်ယောက်အိပ်ကုတင်လေးနဲ့ ။ဘေးနားကOhmကကြည့်လိုက်တော့ သူကအေးဆေးခရီးဆောင်အိတ်လိုအိတ်သေးသေးလေးကိုဆွဲပြီးအခန်းထဲဝင်လာသည်။
ကျွန်တော်လည်းပင်ပန်းနေတာနဲ့
အိပ်ယာပေါ်ပစ်လှဲမိလိုက်သည်။

"Nanonဒီတိုင်းမအိပ်နဲ့လေ။ ကိုယ်လက်သန့်စင်ပြီးမှအိပ်။ "

"ဒီတိုင်းပဲအိပ်တော့မယ်။ ငါအရမ်းပင်ပန်းနေလို့"

"ကားမောင်းရတာငါလေ။ မင်းကဘာလို့ပင်ပန်းနေတာလဲ။ မသိဘူးထထ ခြေလက်သွားဆေးအင်္ကျီလဲ"

"မထဘူးကွာ။ ငါအရမ်းအိပ်ချင်နေပြီ"

"မင်းထမှာလားမထဘူးလား"

"မထဘူး။ "

"အေးမင်းတွေ့ပြီ"
Ohmတစ်ယောက်ကျွန်တော့်ကိုအတင်းဆွဲထူသည်။ ကျွန်တော်လည်း
ပေကပ်ကပ်ဖြင့်အတင်းပြန်အိပ်သည်။ သူနဲ့ကျွန်တော်အားခြင်းယှဉ်ရင် သူသာတယ်ဆိုပေမဲ့ကျွန်တော်လည်းရှိတဲ့အားလေးနဲ့ပြန်အိပ်သည်။ ဒီပုံစံတိုင်းဆိုကျွန်တော်ရှုံးတော့မှာ မဖြစ်‌သေးပါဘူးတစ်ခုခုဉာဏ်ဆင်မှ

"Ai'Ohm ငါခြေထောက်အရမ်းနာနေတယ်"

"ဟမ်ခြေထောက်ဘာဖြစ်.."
သူစိတ်လွတ်သွားချိန်မှာကျွန်တော်သူ့ကိုအိပ်ယာပေါ်ပြန်ဆွဲချလိုက်သည်။
ဒါမဲ့သူစိတ်လွတ်နေတာကတစ်ကြောင်းကျွန်တော်သူ့ကိုဆွဲလိုက်တာကအားပါတာကတစ်ကြောင်းကြောင့် ရလဒ်အနေဖြင့် ထိကပ်သွားသောနှုတ်ခမ်းနှစ်ခု။

"အားးး။ ဆောရီးပါလူလေး‌တို့ရေ။ဦးလေးက ဓာတ်မီးလာပေးတာ။အချိန်ကောင်းကိုနှောက်ယှက်တာမဟုတ်ပါဘူး"
ဦးလေးရဲ့အသံကြားမှာနှစ်ယောက်လုံးအသိစိတ်ဝင်မိသည်။

"အာ။ ဟိုဟာဦးလေး။ ဦးလေးထင်သလို"

"ရပါတယ်လူလေးတို့ရယ်။ ဦးလေးလည်းခေတ်မှီပါတယ်။ အချိန်ကောင်းလေးပိုင်ဆိုင်ရပါစေနော်။ လိုအပ်တဲ့ပစ္စည်းအချို့ဘေးကအံ့ဆွဲထဲမှာရှိတယ်နော်။ဦးလေးကိုခွင့်ပြုဦး"

"..."
ဦးလေးထွက်သွားတဲ့အချိန်ထိကျွန်တော်တို့ငြိမ်သက်နေကြသည်။
ခနကြာတော့ ပထမဆုံးအသိစိတ်ဝင်လာတဲ့Ohmက

Love Line (Ongoing)Where stories live. Discover now