အပိုင်း(၄) Unicode

351 36 5
                                    

"ငါကမင်းမေးတိုင်းဖြေရမှာလား"
ကျွန်တော်သူ့ကို‌ဘုဘုဘောက်ဘောက်ပဲပြန်ဖြေပြီးထွက်လာခဲ့၏။

"ဟိတ်နေဦး။ မသွားနဲ့"
ထိုကောင်လေးကကျွန်တော့်ရှေ့မှာပါ ပိတ်ရပ်လိုက်ပြီး လက်ကိုတားပြီးပြောသည်။

"မင်းကဒီဆေးရုံရဲ့ဆရာဝန်လား။ ဒါမှမဟုတ်လုံခြုံရေးဝန်ထမ်းလား။ ဒါမှမဟုတ်.."

ကျွန်တော်သူ့စကားတွေကိုနားမထောင်ဘဲခေါင်းပဲခါပြရင်း ထွက်သွားမိသည်။

"ဟဲ့ ဟဲ့..."
ထိုကောင်လေးပြောမဲ့စကားတွေကိုကျွန်တော်နားမထောင်မိတော့။

ဒီကောင်ကတော့နော်။ နားလေးနေတာလား။
Nanonတစ်ယောက်ဒေါသထွက်မိသည်။ငါ့ကိုအဖက်မလုပ်တာလား။
ဒီကောင်ကစိတ်ကျန်းမာရေးဆရာဝန်မို့သူကိုယ်တိုင်ကလည်းရူးနေတာဖြစ်မယ်
။အဲ့ဒါကြောင့်လည်းစော်ပစ်ခံခဲ့ရတာကို။ သူ့လိုလူမျိုးကိုမိန်းခလေးတစ်ယောက်ကထားခဲ့တာမဆန်းပါဘူး။

(A/N) OhmကNanonကbarမှာစတွေ့ခဲ့တာကိုOhmလိုပဲသူလည်းမှတ်မိပါတယ်နော်။ ပြီးတော့OhmညီမလေးNookကိုNanon ကOhmရဲ့ရည်းစားလို့ထင်လို့ခုလိုပြောတာဖြစ်ပါတယ်နော်။

"တူလေး။ ဘာတွေဖြစ်လို့လည်း။"
ခနကြာတော့ဦးလေးkornလည်းဖုန်းပြောလို့ပြီး‌လို့ပြန်လာပြီ။

"ဘာမှမဖြစ်ပါဘူး။ ဦးလေး"

"အေးပါကွာ။ ဒါဆိုလည်းဦးတို့ပြန်ကြမယ်"

"ဒါနဲ့ဦးလေး။ ကျွန်တော်ကဒီဆေးရုံကိုအမြဲလာနေရမှာလား"
ကျွန်တော်ကားမောင်းနေသောဦးလေးkornကိုကြည့်ရင်းမေးလိုက်ခြင်းပင်။

"နေ့တိုင်းတော့မဟုတ်ဘူးငါ့တူ။ ဒါမဲ့projectမပြီးမချင်း တော့နေ့တိုင်းအလိုလို‌သွားရမှာ"

"အော်ဟုတ်ကဲ့။"

"ဘာဖြစ်လို့မေးတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာ"

နေ့တိုင်းအလိုလိုတဲ့လား။
Ohm Pawatရယ်မင်းငါနဲ့တွေ့ပြီသာမှတ်။မင်းအလုပ်လုပ်တဲ့ဆေးရုံမှာငါဘယ်လိုမင်းကိုလိုက်နှောက်ယှက်မလဲကြည့်နေ။
ကျွန်တော်သူ့နာမည်ကိုသိနေခြင်းသည် ခုနကသူ့အရှေ့မှာဝင်ရပ်ခြင်းကအကြောင်းမဲ့မဟုတ်သူ့လည်ပင်းမှာချိတ်ထားတဲ့သူ့နာမည်ကပ်ကိုကြည့်လိုက်ခြင်းသာ။

Love Line (Ongoing)Where stories live. Discover now