အပိုင်း(၁၉) Unicode

673 36 9
                                    

3နာရီကြာပြီးနောက်
~~~~~~~~~~~~~~~~~~

"Nanon!!Nanonထတော့လေ။ရောက်ပြီ။ အားလုံးဆင်းသွားကြပြီ။ ကိုယ်တို့ပဲကျန်တော့တာ"

"ဟင်...အင်းးး"
ဟမ်ငါOhmရဲ့ပခုံးပေါ်မှာအိပ်ပျော်နေခဲ့တာလား။

"ငါမင်းပေါ်မှာအိပ်ပျော်သွားတာလား"

"မဟုတ်ပါဘူး။ မင်းအိပ်ငိုက်နေလို့ကိုယ့်ပခုံးပေါ်တင်ပေးထားတာ"

"အဲ့ဒါဆိုလည်းနှိုးလိုက်လေ။"

"မနှိုးရက်ပါဘူး။ သရေတွေကျပြီးအိပ်နေတဲ့ကောင်လေးကို"

"‌အရူးကောင်"

"5555555"

ကျွန်တော်တို့ရောက်နေတဲ့နေရာကမိဘမဲ့ကလေးကျောင်း။ မြို့ပြင်နားမှာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကစိမ်း‌စိုသာယာနေတာ။ ဝင်ဝင်ချင်းကလေးတွေရဲ့စာဆိုသံတွေကြားရသည်။
တစ်ချို့ကလေးတွေကတော့ အပြင်ဘက်ကစားကွင်းသေးသေးလေးမှာဆော့က‌စားနေကြတာ။ သူတို့လေးတွေကြည့်ပြီး ကျွန်တော် စိတ်မကောင်းဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့မိဘရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတာ။ တစ်ချို့ကလည်းမိဘတွေမရှိတော့လို့ ဒီကျောင်းကိုရောက်လာကြတာ။ ဘယ်လိုအခြေနေနဲ့ပဲဖြစ်ဖြစ်မိဘမရှိကြတဲ့ကလေးလေးတွေပဲမဟုတ်လား။ကျွန်တော်တွေးနေတုန်းမှာပဲ
ကျွန်တော့် အင်္ကျီစလေးကိုလာကိုင်တဲ့ကလေးလေး

"ဦးဦး။ ဦးဦးမှာမုန့်ရှိလား"

"ရှိတာပေါ့ကလေးရဲ့။ အများကြီးရှိတယ်။ သားလေးကစားချင်လို့လား"

"အင်း။စားချင်တယ်။"

"အဲ့ဒါဆိုအလကားတော့မရဘူး"

"အလကားဆိုတာဘာလဲဦးဦး။"

"အလကားဆိုတာ။ တခြားသူရဲ့မုန့်ကိုစားချင်ရင် အဲ့လူကိုလည်းတစ်ခုခုပြန်ပေးရတယ်တဲ့"

"ဟင်။ သားသားမှာမုန့်မှမရှိတာ"

"5555သားသားဆီကမုန့်ပြန်မတောင်းစားပါဘူး။ ဦးဦးရယ်ဦးဦးသူငယ်ချင်းတွေရယ်ကသားသားကိုခနနေရင် မေးစရာလေးတွေရှိလို့။ အဲ့ဒါကိုသားသားကဖြေပေးယုံပဲ"

"အဲ့ဒါဆိုမုန့်စားရမှာလား"

"စားရမှာပေါ့။ ရော့အခုနည်းနည်းအရင်စားထား"
ကလေးလက်ထဲမုန့်ထုပ်လေးထည့်ပေးတော့ ကလေးလေးကပြုံးပြီးကျွန်တော့်ကိုလာဖက်သည်။ ဖြူစင်တဲ့ကလေးလေးရဲ့ရင်ခွင်ကနွေးလိုက်တာ။ အပြစ်မရှိတဲ့ကလေးလေး။

Love Line (Ongoing)Where stories live. Discover now