ကျွန်တော်Nookအခန်းထဲကထွက်လာပြီး။ ကျွန်တော့်အခန်းသို့မသွားဘဲဧည့်ခန်းထဲကိုပဲသွားပြီး ဆိုဖာပေါ်မှာထိုင်ပြီးတော့ ဖုန်းကိုဖြေလိုက်သည်။
"ပြော"
"မင်းကလည်းဖုန်းကိုင်တာကြာလိုက်တာ"
"ငါကကိုင်ကိုမကိုင်ချင်တာ။ အခုဘာကိစ္စရှိလို့လဲ"
"ဒီလိုပါပဲ။ ပျင်းလို့ဆက်လိုက်တာ။ ပြီးတော့မင်းကငါစာပို့တာလည်းမပြန်ဘူးလေ။ အဲ့တော့ငါကဖုန်းပဲခေါ်လိုက်တာပေါ့"
"မင်းမှာပြောစရာမရှိရင်ငါဖုန်းချလိုက်တော့မယ်"
"ခဏနေဦး။ GNလို့ပြောပေး"
"ရူးနေလား။ ဆုတောင်းလိုက်လေ"
"ပြောမှာလား။ မပြောဘူးလား"
"အေးအေး GN"
"ဒီလိုမှပေါ့"
ကျွန်တော်ပါးချိုင့်ကောင်နဲ့ဖုန်းပြောပြီး ကျွန်တော့်မျက်နှာရှေ့မှာရှိနေတဲ့ဧည့်ခန်းကမှန်ကိုပြန်ကြည့်လိုက်မိတော့ပြုံးနေတဲ့ကျွန်တော့်မျက်နှာ။
ချီးငါပြုံးနေတာလား။
"ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
အဖေကသူ့အခန်းထဲကထွက်လာပြီး ကျွန်တော့်ကိုမေးနေတာ။
"ဗျာ။ ဘယ်သူနဲ့မှမဟုတ်ပါဘူး။ဘာလို့လဲဖေဖေ"
"မျက်နှာကြီးကပြုံးနေလို့"
"သူငယ်ချင်းတစ်ယောက်ပါ။ မနက်ဖြန်ဂျူတီလဲချင်လို့ဆိုလို့။ အဲ့ဒါသူနဲ့စနေကြတာ"
"မိန်းခလေးလား"
"မဟုတ်ပါဘူး။ ယောကျာ်းလေး"
"မသိပါဘူးငါ့သားမှာကောင်မလေးတွေပါတွေရှိနေတာလားလို့။ "
"မရှိပါဘူးဖေဖေရဲ့။ ဖေဖေထိုင်ဦးလေ။ မတ်တပ်ကြီးရပ်နေတာ"
"အေးအေး"
"ဖေဖေမအိပ်သေးဘူးလား။ ၁၂နာရီထိုးတော့မယ်။ "
"အဖေခုမှတရေးနိုးလာတာ။ မင်းရောဆေးရုံမှာဘယ်လိုလဲအဆင်ပြေရဲ့လား"
"ဟုတ်ဖေဖေပြေပါတယ်။"
"ငှားနေတဲ့တိုက်ခန်းကရော။ဘယ်လိုလဲ"
YOU ARE READING
Love Line (Ongoing)
ФанфикшнLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
