အပိုင်း(၁၃) Unicode

452 39 4
                                        

"မင်းရူးနေတာလား Korapat ။ဘာကိုလိုက်မှာလဲ"

"အေးရူးနေလို့ကိုလိုက်မှာOhm Pawat!!"

"ကျစ်!!"

"မင်းညီမလေးကိုကယ်ထားတဲ့အကြွေးမင်းငါ့ကိုမဆက်ရသေးဘူးနော်။ အဲ့အကြွေးဆက်တယ်လို့မှတ်လိုက်။ ငါဝင်နှင့်ပြီနော်။ ဟဲဟဲ"
ကျွန်တော်သူ့စကားပြန်ကိုစောင့်မနေတော့ပဲကားထဲပဲဝင်ထိုင်လိုက်သည်။ အကြွေးကိစ္စနဲ့အကြပ်ကိုင်မှရမှာ
ဒီကောင်နာလေးက။ ခြိမ်းခြောက်မှုအောင်မြင်တယ်နဲ့တူတယ် ခနကြာတော့Ohmလည်းကားပေါ်တက်လာသည်။ရုပ်ကြီးကတော့ဆူပုပ်လို့။

"Gogogo!!! ခရီးမသွားရတာကြာပြီ။ ဒါနဲ့Ohmမင်းအခုဘယ်သွားမှာလဲ"

"ဘယ်သွားသွား။ မင်းအလုပ်ကပါးစပ်ပိတ်ပြီးလိုက်လာဖို့ပဲ"

"မပိတ်ဘူးဆိုရင်ရော။ ငါကစကားမပြောရင်မနေတတ်ဘူး။ အဲ့တော့ငါကပါးစပ်မပိတ်ဘူးဆိုရင်ရောမင်းကဘာလုပ်မှာလဲ။ အပြစ်ပေး..."
ကျွန်တော်စကားတောင်မဆုံးသေးဘူး Ohmကကျွန်တော်မျက်နှာနားကပ်လာတာ။ တဖြည်းဖြည်းကပ်လာရင်နှုတ်ခမ်း‌နားတောင်ရောက်တော့မယ်။ ဘုရားရေမဟုတ်မှလွဲရောနမ်းမလို့လား။ ကျွန်တော်မျက်စိအသာမှတ်မိသွားသည်။ တစ်စက္ကန့်။ နှစ်စက္ကန့် အချိန်အတန်ကြာတဲ့အထိဘာခံစားမှုမှမရတော့မျက်လုံးကိုတစ်ဖက်ချင်းဖွင့်ကြည့်လိုက်တော့ နဖူးပေါ်ကြလာတဲ့ လက်မနဲ့လက်ညှိုး။သူကျွန်တော့်နဖူးကိုတောက်လိုက်တာ။

"အား!! Shitt Ohmမင်းဘာလုပ်တာလဲ"

"မင်းကဘာတွေတွေးနေတာလဲ။ ငါကမင်းစကားတွေများနေပြီးခါးပတ်မပတ်လို့ ပတ်ပေးနေတာလေ။ "

"အဲ့တာပါးစပ်ကပြောပါလား"

"ငါ့မှာပြောချိန်တောင်မရှိဘူးလေ။
မင်းပဲစကားတွေအသေလွှတ်နေတာ။အခုကားစထွက်တော့မှာမင်းပါးစပ်ကိုပိတ်ထားတစ်လမ်းလုံးဘာစကားမှမပြောနဲ့။ နားငြီးတယ်"

"တကယ်လို့ပြောရင်ရော။ "

"ပြောရင်။ ပြောရင် မင်းကိုကားပေါ်ကကန်ထုတ်မယ်"

"ဟားဟား ။ မကန်ထုတ်ပဲနဲ့နမ်းလို့လည်းရတယ်နော်"

"Nanonမင်းတော်တော်အရှက်မရှိပါလား။ "

Love Line (Ongoing)Where stories live. Discover now