ကျွန်တော်ကျောင်းပုံမှန်တက်နေတာတစ်ပတ်လောက်ရှိပြီ။ မတက်လို့လည်းမရတော့ ကျွန်တော်ကျောင်းခေါ်ချိန်
မပြည့်လို့ဖြည့်နေရတာရယ် စာမေးပွဲကလည်းဖြေရတော့မှာကြောင့် နေ့တိုင်းကျောင်းသို့လာနေခြင်းဖြစ်သည်။
ဒါမဲ့ဒီနေ့ကျွန်တော်အရမ်းပျော်နေသလိုလိုစိတ်ထဲမှာခံစားနေရသည်။
ကျွန်တော်ဟိုတစ်ပတ်တုန်းကဟိုကောင်တွေက ကိုဗလ အကြောင်းကို ညစ်မေးတော့ကျွန်တော်စကားလမ်းကြောင်းလွဲပြီးအိမ်ပဲပြန်လာခဲ့သည်။ ဒါမဲ့ အိမ်ရောက်တော့ကျွန်တော်ကိုယ်ကျွန်တော်ပြန်တွေးမိသည်။ကျွန်တော်က သူ့ကိုဘယ်လိုသဘောထားနေတာလဲ။ သူကျွန်တော့်ကိုမေးသလို"ကျွန်တော်ကသူ့ဆီကဘာလိုချင်လို့လိုက်ကပ်နေတာလဲ" တဲ့။ကျွန်တော်ကိုယ်တိုင်လည်းအဖြေမရှိဘူး။ ဒါနဲ့ကျွန်တော်သူနဲ့မတွေ့တာတစ်ပတ်လောက်တောင်ရှိပြီ။ကျော်တောင်ကျော်နေပြီထင်တယ်။ ကျွန်တော်လိုစာမေးပွဲအနားနီးမှစာကိုဖင်ထောင်ကျက်တဲ့သူအတွက်ကတော့ စာမေးပွဲနီးပြီဆိုရင်ရေချိုးဖို့တောင်အချိန်မရှိ။ လေးငါးလစာလောက်ကို တစ်ပတ်ထဲနဲ့အသေကျက်တာ။အဲ့တော့ဆေးရုံကိုတောင်မသွားဖြစ်။ အဖေတို့ကလည်းစာမေးပွဲကြောင့်ဆိုတော့နားလည်ပေးထားပါသည်။
ကျွန်တော်ဟာကျွန်တော့်အသက်တန်းဖိုးထက်များတဲ့ ယောကျာ်းလေးတွေရော။မိန်းခလေးတွေရောနဲ့တွဲခဲ့ဖူးပေမဲ့ သူ့ကျတော့အဲ့လိုမဟုတ်ပြန်ဘူး။
ဘာလို့လဲ သူကဘာများထူးခြားနေလို့လဲ။ကျွန်တော်သူ့ကိုချစ်မိသွားတာလား။
တကယ်လို့ကျွန်တော်သူ့ကိုချစ်မိသွားခဲ့ရင်တောင်ဘာကြောင့်ချစ်မိသွားခဲ့တာလည်း။ဘာအချက်ကြောင့်လဲ။
ဟာ!!မသိတော့ဘူး။ကျွန်တော်အတွေးတွေကိုရပ်လိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်သည်။ ရုတ်တရက်ခေါင်းတွေလည်းကိုက်လာသည်။"ကျစ်!! ဖြစ်ပြန်ပြီကွာ"ကျွန်တော့်
ကုတင်ဘေးကအံဆွဲသေးသေးလေးထဲကဆေးတစ်လုံးယူပြီးထုတ်သောက်လိုက်ပြီး လူတစ်ယောက်ကိုဖုန်းခေါ်ရန်ပြင်သည်။
"ဗလကောင်👹"ဟူသောcontantကိုနှိပ်လိုက်တော့ စက္ကန့်ပိုင်းလောက်အကြာမှာ တစ်ဖက်ကပြန်ဖြေလာသည်။
YOU ARE READING
Love Line (Ongoing)
FanfictionLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...