အပိုင်း(၂) Unicode

672 46 2
                                        

ကျွန်တော့်အရှေ့ကဝိုင်းမှ ရုတ်ရုတ်သဲသဲဖြစ်သွားသည့် အတွက်ကျွန်တော်သာမက barတစ်ခုလုံးမှလူများ၏မျက်လုံးများသည် ထိုဝိုင်းမှလူနှစ်ယောက်ထံသို့ကျရောက်၏။

ကောင်လေးက Nookဆိုသောကောင်မလေးလက်ကိုဆွဲပြီးထွက်သွားမှ လူအားလုံး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြ၏။

ကျွန်တော်လည်းဘောင်းဘီအိတ်ကပ်ထဲမှစေးကရက် တစ်လိပ်ကိုထုတ်ပြီး မီးညှိ၍ သောက်မိသည်။

ကျွန်တော့်နာမည် Nanon Korapat Kirdpan ။ အသက်ကတော့22 ။
ကျွန်တော့်ကအခု Bangkokမြို့ရဲ့Universityတစ်ခုမှာ Engineering mejor တက်နေတာ။ ဒါကလည်း
ကျွန်တော့်ရွေးချယ်မှုတော့မဟုတ်။အိမ်ကမိဘများ၏အတင်းစေခိုင်းမှုကြောင့်သာဖြစ်သည်။

"အပေးရှိရင်အယူရှိရမယ် "ဟူသောဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသော
ကျွန်တော့်အတွက် မိဘများနှင့်ထိုကိစ္စကိုပြိုင်ငြင်းမနေတော့ဘဲ ကျွန်တော်လိုချင်သောအရာတစ်ခုနှင့်
အလှဲလယ်လုပ်ကာလက်ခံခဲ့သည်။
ကျွန်တော့်မိဘများက ထိုင်းနိုင်ငံ၏
အချမ်းသာဆုံးစာရင်းမှာ ပါဝင်သည်။

အဲ့‌ဒါကြောင့်ကျောင်းမှာသာမက အပြင်မှာပါကျွန်တော့်ကိုခင်ချင်သူ ရောချင်သူတွေပေါများနေသည်။
ကျွန်တော်ထိုသူတွေကိုအရမ်းရွံ့သည်။ သူငယ်ချင်းဟူ၍ Jimmy
နှင့်Drakeနှစ်ယောက်သာရှိသည်။ သူငယ်ချင်းနည်းခြင်းကကျွန်တော့်ကိုလူတွေမပေါင်းချင်၍မဟုတ်ကျွန်တော်ကသာလူတွေနဲ့ကင်းကင်းရှင်းရှင်းနေခဲ့၍ဖြစ်သည်။

ကျွန်တော့်တို့ကမူလတန်းအရွယ်ထဲကပေါင်းသင်းလာကြသောကြောင့်ကျွန်တော့်ရဲ့အချစ်ဆုံးကြီးတွေဆိုလည်းမမှားဘူး။
သူတို့နှစ်ကောင်ရဲ့မိဘများကလည်းကျွန်တော့်မိဘများနည်းတူချမ်းသာသည်။ ထိုကြောင့် ကျွန်တော်တို့ကလေးဘဝထဲကမိဘများ၏တိုက်တွန်းမှုကြောင့်ပေါင်းသင်းဖြစ်ကြသည်ဆိုပေမဲ့ကြာလေကြာလေ ကျွန်တော်တို့သုံးကောင်က စရိုက်တူသူငယ်ချင်း များဖြစ်လာကြသည်။

ကျွန်တော်ဒီနေ့ဒီနေရာမှာသူငယ်ချင်းတွေနဲ့လာသောက်နေရခြင်းအကြောင်းက ကျွန်တော်ရဲ့Singleဘဝသို့ပြန်လည်ရောက်ရှိ‌ခြင်းအနေနဲ့ဂုဏ်ပြုပွဲလုပ်နေခြင်းဖြစ်သည်။

Love Line (Ongoing)Where stories live. Discover now