အပိုင်း(၃) Unicode

368 34 4
                                    

ကျွန်တော်နေထိုင်ရာcondoသို့
ကျွန်တော်ရောက်ရှိပြီး မျက်စိများကကျွန်တော့်အခန်းကိုရောက်သွားတော့အခန်းမီးပွင့်နေသည်ကိုမြင်မိသည်။

ကျွန်တော်ကျစ်တစ်ချက်စုတ်ပြီးကားပါကင်ထိုးကာ ကျွန်တော်နေထိုင်ရာ(၁၂)ထပ်မြောက်သို့တက်လာခဲ့သည်။
အခန်းတံခါးဖွင့်လိုက်တော့ ထင်သည့်အတိုင်းပင်

"သား!!မင်းအချိန်ကိုလည်းကြည့်ဦး"
ကျွန်တော်ကုတ်အင်္ကျီကိုချွတ်ပြီးဆိုဖာပေါ်ထိုင်ကာစကားဆက်မိသည်။

"ဟ။အဖေတို့မှာနာရီမရှိဘူးလား။သူများအိမ်လာပြီးအချိန်လာမေးရအောင်"

"Nanon!!မင်းမရိုင်းနဲ့ကွာ။ ဒါလူကောင်းတစ်ယောက်အပြင်မှာရှိနေရမဲ့အချိန်မဟုတ်ဘူးကွ"

"သားကိုအဖေတို့လာချုပ်ချယ်ခွင့်မရှိဘူး။ ဒီလိုမျိုးတွေလာပြောမှာဆိုးလို့အစောထဲကအိမ်ခွဲနေမယ်လို့ပြောပြီးတစ်ယောက်တည်းနေနေတာ။ဒီလိုနားပူမခံနိုင်လို့လေ"

"မင်းညညဒီလိုပဲရှောက်သွားပြီးဒီချိန်မှအိမ်ပြန်လာနေကြလား"

"အဟက်။ သားသမီးအကြောင်းတစ်ခါမှစိတ်မဝင်စားပဲအခုကြမှဘာတွေဘာဖြစ်နေတာလဲ"

"မင်းရောဘာထူးလို့လဲ။အိမ်ကိုပိုက်ဆံတောင်းမဲ့အချိန်ကလွဲလို့ဘာစိတ်ဝင်စားလို့လဲ။"

"ဒါတော့သားကိုအဖေတို့ကမွေးထားတာပဲလေ။ သားကိုတာဝန်ယူပေးရမှာပေါ့"

"Nanon ‌အဖေတို့မှာသားတစ်ယောက်ပဲရှိတာ။သားကပဲတစ်ချိန်မှာအဖေတို့ရဲ့ဆက်ခံသူဖြစ်လာမှာ။သားအခုထဲကcompanyကိုနညးနည်းလာလေ့လာပါလားကွာ"

"သားစိတ်မဝင်စားသေးဘူးအဖေ။ အဖေတို့တက်စေချင်တဲ့enginner mejor ကိုလဲသားယူခဲ့တယ်လေ။ တော်ပြီပေါ့"

"အေးအဲ့အတွက်မင်းနေချင်တဲ့‌တစ်ယောက်တည်းပေးနေထားတယ်လေကွာ"

"အဖေကို..."

"ဒီသားအဖနှစ်ယောက်ကလည်းတွေ့တာနဲ့ရန်ဖြစ်နေတာပဲ"

ကျွန်တော့်အခန်းထဲကအမေထွက်လာပြီးစကားဆိုသည်။ ကြည့်ရတာအမေလည်းကျွန်တော့်ကိုစောင့်ရင်း အိပ်ချင်လို့ဝင်အိပ်နေတာဖြစ်လိမ့်မယ်။

Love Line (Ongoing)Where stories live. Discover now