အပိုင်း(၁၅) Unicode

462 36 16
                                        

ကျွန်တော်တို့ခရီးကနေအိမ်ပြန်ရောက်တော့Ohmကကျွန်တော့်အိမ်ကိုလိုက်‌ပို့ပေးမယ်ပြောပေမဲ့ ကျွန်တော့်ကားကသူ့အိမ်နားမှာရပ်ခဲ့တာဆိုတော့ကျွန်တော်သူ့အိမ်ကိုပဲလိုက်သွားခဲ့သည်။ အဲ့ဒါလည်းကောင်းပါတယ်။သူမပင်ပန်းတော့ဘူးပေါ့သူတစ်လမ်းလုံးကားမောင်းလာခဲ့ရတာမဟုတ်လား။

"Ohm ငါသွားပြီ။ကျေးဇူးတင်ပါတယ်။ငါအရမ်းပျော်ခဲ့တာ"

"ဂရုစိုက်မောင်းဦးကားကို"

"Ohmငါပြောစရာ.."

"P'Ohmပြန်လာပြီပေါ့။Nookနဲ့စရင်းရှင်းရမယ်။ဟမ် P'Nanon ကဘယ်လိုဖြစ်ပြီး"

"ဟုတ်တယ်အစ်ကိုOhmနဲ့တူတူပြန်လာတာ"

"လမ်းမှာတွေ့ကြတာလား။ဘယ်လိုတွေ့ကြတာလဲ"

"Nookစကားမများနဲ့တော့ Pလည်းပင်ပန်းနေပြီ။ Nanonလည်းအိမ်ပြန်ရတော့မှာ။ Nookလည်းအိမ်ထဲဝင်တော့"
Nookကကျွန်တော့်စကားနားထဲတောင်ရောက်တဲ့ပုံမပေါ်ဘူး။ Nanonကိုပဲအိမ်ထဲအတင်းခေါ်နေတာ။ သူကဘယ်သူ့ညီမလဲ။ ကျွန်တော့်ညီမလားNanonညီမလား။

"P'Nanon အိမ်ထဲဝင်ပါဦးလား။ ဒီထိတောင်ရောက်လာတာကို"

"မဝင်တော့ပါဘူးNookရဲ့။အစ်ကိုပြန်တော့မယ်"

"P'Nanonကလည်းအိမ်ရှေ့ပဲရောက်နေပြီ။ဝင်လိုက်ပါ။"
Nookရဲ့အတင်းခေါ်ဆောင်မှုဖြင့်ကျွန်တော်Ohmရဲ့အိမ်ကိုဝင်လာခဲ့သည်။အိမ်လေးကနှစ်ထပ်အိမ်အဖြူရောင်လေး။ သစ်သားအတုအဖြူလေးဖြင့်ဆောက်ထားတာ။ အိမ်ရှေ့မှာလည်း အပင်လေးတွေစိုက်ထားတာစုံလင်နေတာပဲ။ ပန်းလေးတွေလည်းပွင့်နေတာ။ Ohmပြောပုံအရဆိုဒီအိမ်မှာOhmရယ် Ohmအဖေရယ် Nookရယ်သုံးယောက်ပဲနေတာဆိုတော့ဒီအပင်တွေကိုရေလောင်းတာကNookပဲလုပ်လောက်မယ်ထင်တယ်။
ကျွန်တော်အိမ်ထဲရောက်တော့ Nookကဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ခိုင်းပြီးသူက ကော်ဖီသွားဖျော်သည်။
မသောက်ဘူးဆိုတော့လည်းပြောလို့မရ။ ကျွန်တော် ဧည့်ခန်းမှာထိုင်ရင်း ဟိုဟိုဒီဒီကြည့်မိတော့မိသားစုဓာတ်ပုံလေးကိုတွေ့သည်။ Ohmက9နှစ်လောက်ရှိမယ်ထင်တယ်။ ဘေးနားကOhmအမေဖြစ်လောက်မယ်ထင်တဲ့အမျိုးသမီးကတော်တော်ချောသည်။ Ohmအဖေကတော့ရဲဝန်းထမ်းဝတ်စုံကိုဝတ်စုံပြည့်ဝတ်ထားကာတည်ငြိမ်စွာရပ်နေသည်။ သူ့အဖေပုံစံကတော်တော်ကြောက်ဖို့ကောင်းမဲ့ပုံ။ ကျွန်တော်တွေးနေတုန်း

Love Line (Ongoing)Where stories live. Discover now