အပိုင်း(၅) Unicode

320 30 0
                                    

Nanon တစ်ယောက်Ohmရဲ့လက်ကိုဆွဲပြီးအနီးနားရှိခုံတန်းဆီသို့ခေါ်သွားသည်။

ကျွန်တော် ကိုဗလရဲ့လက်ကိုမဖြုတ်သေးဘဲပဲထိုင်ခုံပေါ်အရင်ထိုင်လိုက်သည်ပြီးမှ

"လာလေ။ ဒီမှာလာထိုင်"

Ohmတစ်ယောက်Nanonလက်လေးပုတ်ပြရာထိုင်ခုံသို့ဝင်ထိုင်လိုက်သည်။

"ဘယ်မှာလဲ"

"ဟင်ဘာကိုလဲ။ ဘာကိုဘယ်မှာလဲ"

"မင်းပဲခေါင်းနာတယ်ဆိုပြီးငါ့ကိုဒီခေါ်လာတာလေ။ ဘယ်မှာလဲပြ"

"အော်ငါမေ့တောင်မေ့သွားတယ်။ ဟီး"

"မင်းလိမ်နေတာမလား"

"မဟုတ်ဘူးငါတကယ်နာနေတာ တစ်ပတ်လောက်ရှိပြီ။အခုမင်းနဲ့တိုက်မိသလိုဖြစ်မှပိုနာလာတာ။အခုကြတော့ပျောက်သွားပြန်ရော။ မင်းက အစွမ်းတွေပါတွေများရှိတာလား။ဟားဟား"
Nanonပြောလည်းပြောရီလည်းရီသည်။

"ဟဲ့ကောင်။မင်းအပျော်လုပ်မနေနဲ့ငါ့မှာအချိန်မရှိဘူး။လုပ်စရာတွေများတယ်။ မင်းခေါင်းမနာဘူးမလား။မနာရင်ငါသွားမယ်"
Ohmတစ်ယောက်တကယ်စိတ်ဆိုးသွားပြီဖြစ်သည်။သူအစကတော့Nanonပြောတာကိုအမှန်ထင်ပြီးနားထောင်နေသေးတယ်။နောက်ကြတော့ဒီလဒလေးကအခွက်ပြောင်နေတာ။လုပ်စရာတွေရှိပါသေးတယ်ဆို။
ကျွန်တော်ထွက်သွားတော့မယ်ဆို
ဒီကောင်အမြဲအဲ့လိုပဲအခုလည်းလက်ကိုဆွဲပြန်ပြီ ။
Ohmရဲ့လက်ကိုNanonတစ်ယောက်လှမ်းဆွဲပြီး သူပါမတ်တပ်လိုက်ရပ်လိုက်သည်။

"နေဦး ။မင်းမသွားနဲ့ဦး"

"ကျစ်!!ဘာလဲကွာ။ဘာဖြစ်ပြန်ပြီလဲ"

"ငါအခုဘာမှမဖြစ်တော့ပေမဲ့။ မင်းဒီနေ့ငါ့ခေါင်းကိုနာအောင်လုပ်ခဲ့တဲ့အတွက် ငါ့ကိုတစ်ခုခုပြန်လုပ်ပေးရမယ်"

"ဒီမှာမင်းငါ့ဆီကဘာလိုချင်နေတာလဲ။ ဘာဖြစ်လို့ဒီလိုမျိုးတွေလုပ်နေရတာလဲ။ဟင်!!"

သူပြောလည်းပြောချင်စရာ။သူ့မေးခွန်းအတွက်ကျွန်တော့်မှာအဖြေမရှိဘူး။ကျွန်တော်သူ့ကိုဘာလို့အဲ့လိုမျိုးလုပ်နေရတာလဲ။

"ငါ...။ဘာပဲဖြစ်ဖြစ်ကွာမင်းတာဝန်ယူရမယ်။ အဲ့ဒါသိထား"

Ring Ring📱

Love Line (Ongoing)Where stories live. Discover now