arc .1 (1.1)

2K 157 2
                                    

  [Unicode]

      " ဟင်း "

     ရှောင်ကျန့် တစ်ယောက် ဇာက်ကြောင်းကို ဖတ်ကြည့်ပြီး သက်ပြင်းသာချမိတယ်။

    "  အခုက ဘယ်အချိန် ရောက်နေပြီလည်း "

     [ ဇာက်လိုက်က ရှောင်ကျန့်ကို ကြင်ယာတော် အဖြစ်တော်ကောက်ထားတာ တစ်လရှိပါပြီ ဒီနေ့ ဇာက်လိုက်မ အနောက်ဆောင်ကို ရောက်မှာပါ ]

      " အခု ဒဏ်ရာတွေက ဘယ်လိုရလာတာလည်း"

      [ လက်ဝဲအမတ်ကြီးရဲ့ သမီး လုပ်ထားတာပါ မှုလကိုယ်က သူ့ထက်လှလို့ ဆိုပြီး မနာလိုလို့ နိပ်စက်ထားတာပါ ]

       " ဟင်း အဖေနဲ့ သမီး တစ်ပုံစံထဲ ငါဒဏ်ရာတွေ သက်သာအောင် လုပ်ပေးအုံး မင်းမှာ နာမည် မရှိဘူးမလား ငါနာမည်ပေးမယ် "

     [ ဟင် host ဘယ်လိုသိလည်း ကျွန်တော်မှာ နာမည်မရှိတာ ကို ]

        "  တစ်နေ့တစ်နေ့ Wp ထဲမှာ ခေါင်းစိုက်နေတာ အလကားမဟုတ်ဘူးလေ ကဲပါ မင်းကို အင်း   
  ရှောင်လီလို့ ခေါ်မယ်လေ ကြိုက်လား "

        [ ကြိုက်တယ် ကြိုက်တယ် နာမည်ရပြီကွ ရှောင်လီ ဟီးဟီး]

         ရေချိုးပြီး ထွက်လာတော့
        
      " သခင်လေး မျန်မျန် ကူဝတ်ပေးပါ့မယ် "

      " ရှောင်လီ သူက ဘယ်သူလဲ "

      [ သူက မှုလကိုယ် ငယ်ငယ်က ကယ်ပေးထားတဲ့ ကောင်မလေးပါ မျန်မျန် လို့ခေါ်တယ် မှုလကိုယ် သေသွားတော့ သူပါ ကိုယ်ကိုကို သတ်သေလိုက်တယ် ]

     " သူလည်း သနားဖို့ကောင်းတာပဲ ဟူး သူ့ကိုလည်း ကာကွယ်ပေးရမယ် "

      [ ဒါနဲ့လေ အထက်ကပြောတယ် host ရဲ့ ပထမ ကမ္ဘာမို့ OOC ဖြစ်လို့မရဘူးတဲ့ မှုလကိုယ်ရဲ့ အမှု  အကျင့်အတိုင်း နေရမယ်တဲ့ ]

       " ကောင်းပြီ အခုတော့ ဉယျာဉ်ထဲ သွားကြမယ် "

          ဉယျာဉ်ထဲရောက်တော့ ပန်းပင်တွေကြားမှာ လမ်းလျှောက်နေတဲ့ ရှောင်ကျန့်ကို လူတိုင်းက ငေးမောကြည့်ရှုနေကြတယ် ။

       " အို လှလိုက်တာ ဒါဘယ်သူလေးလဲ "

       ရှောင်ကျန့်လဲ အသံကြာရာဘက်ကို ကြည့်လိုက်တော့ မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရတယ် ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now