arc.1 ( 1.8 )

1.6K 162 14
                                    

[Unicode]


    ရှောင်ကျန့်လည်း ကျိရန်ကို နှုတ်ဆက်ပြီး ခြံဝန်းထဲကိုပြန်လာခဲ့တယ် ။ ခြံဝန်းထဲ ရောက်တော့ အထဲ မှာ လူတစ်ယောက်မှကို မတွေရတာကြောင့် ထူဆန်းတယ်လို့ တွေးမိတယ် ။
   
    ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရင်ကြင်ယာတော်တစ်ပါးရဲ့ ခြံဝန်းမှာ ဘယ်လောက်လူနည်းတယ်ဆိုဆို အစေခံတစ်ချို့တော့ ရှိနေမှာပဲလေ  ။ အခု လူတွေ မရှိ တော့
  

      " မျန်မျန်ရေ မျန်မျန် လူတွေဘယ်ရောက်ကုန်ပါလိမ့်  "
           
      " အကုန်လုံးကို ငါနှင်ထုတ်လိုက်တာ "
           
      " အမေ့ အ..အရှင် ဟို ဟို ဘာ...ဘာကိစ္စရှိလို့လဲဟင်  "
           
      " ငါကိုယ်တော်က ကိစ္စရှိမှလာရမှာလား ကြင်ယာတော်ရှောင်က ငါကိုယ်တော်ကို မလာစေချင်တာလား "
     
      " အဲ့.....အဲ့လို မဟုတ်ပါဘူးအရှင် အရှင် လာမယ်လို မထင်လို့ပါ  "
           
      " ငါကိုယ်တော် မဟုတ်ရင် မင်းက ဘယ်သူလာမယ်ထင်တာလဲ ဟမ် မင်းရဲ့ အချစ်ဟောင်းကို လာစေချင်တာလား ဟမ်  "
     
      သူရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မေးလာတဲ့ အရှင်ကြောင့် ရှောင်ကျန့် လန့်သွားတယ်
    
      " မ.....မဟုတ် အွန်း အ....အရှင် ပြွတ် လွတ် လွတ်ပါ  "
           
      " ဘုန်း  "
     
      " အင့်  "
     
      ရှောင်ကျန့်တစ်ယောက် ရုတ်တရက်ကြီး သူအား ထနမ်းလာပါသော အရှင်ကြောင့် လန့်ပြီးရုန်းမိသည် ။ အရှင်ခန္ဓာကိုယ်ကို တွန်းဖယ်သော်လည်း မရတဲ့အပြင် အရှင်က သူက်ု ပွေ့ချီပြီး ကုတင်ပေါ်ပစ်တင်လိုက်ပြီး အုပ်မိုးလာ‌တော့
     
      ရှောင်ကျန့်တစ်ယောက် အထိတ်တလန့်နဲ့ ငြင်းဆန်ရတော့ တယ်
           
      " ဟင့် အင့် အ   အရှင် မလုပ်ပါနဲ့  "
           
      " မင်းက ကိုယ်တော်ကို မလိုချင်လို့လား   "
     
   ရှောင်ကျန့်‌ အရှင့်မျက်နှာကို မော့ကြည့်လိုက်တော့ အခုနေသာ မလိုချင်ဘူးပြောလိုက်မိရင် နောက်နေ့ အိပ်ရာထဲလဲ‌မဲ့ သဘောရှိတာမို့
           
      " မ မဟုတ်ပါဘူး  "
     
      " ဒါဆိုရင်   "
     
      ပြောရင်းဆိုရင် လုပ်ငန်းဆက် ဖို့ပြင်နေတဲ့လူကို ကြည့်ပြီး ဦးနှောက်ထဲက ဉာဏ်နီဉာဏ်နက် ထုတ်သုံးကာ အရှင်နားကနေ နည်းနည်းခွာလို့ မျက်နှာလေးငုံကာ
           
      " ဟို ဟိုလေ ကျွန်တော် နာ နာနေသေးတယ်  "
     
      "  ဟမ် "
           
      " မ မနေ့ညက ဟာ နာ နာနေသေးတယ်လို့   "
     
    [ host လူလိမ် ကျွန်တော်သက်သာအောင် လုပ်ပေးထားပြီကို  ] 
   
    { တော်တန်တိတ် ပါးစပ်ကိုပိတ်ထား ဒီလိုမှမပြောရင် မင်းလင်က ငါကိုလုပ်လိမ့်မယ် }
   
    [* ကျွန်တော်လင်မဟုတ်ပါဘူး host ရဲ့ လင်ပါဆိုနေ *]
   
    ပါးစပ်ကတော့ မပြောရဲပါဘူး host ကို ကြောက်ရတယ်လေ ။
   
    ရိပေါ်လည်း သူ့ရှေ့က ရှက်လို့ နီရဲနေတဲ့ မျက်နှာလေးကို ငုံကာ အသံတိုးတိုးလေးနဲ့ နာတယ်လို့ပြောပြီး ငြင်းနေတဲ့ကလေးကြောင့် သနားမိသွားတယ် ညက သူလည်းအတော် ကြမ်းသွားသွားတဲ့မလား
     
      "  ဟင်း ကိုယ်နားကိုလာ "
           
      "  ဟင့်အင်း "
           
      " ကိုယ်ဘာမှ မလုပ်ဘူး‌ ကိုယ်နားကိုလာခဲ့  "
     
      ရိပေါ်လဲ တွန်ဆုတ်တွန့်ဆုတ် လုပ်နေတဲ့လူကိုအနားဆွဲခေါ်လိုက်တော့ ဆွေ့ကနဲ့ ပါလာတယ်
           
      "  အမေ့ "
     
      ရှောင်ကျန့်လည်း သူ့ကို လှမ်းဆွဲလိုက်တာကြောင့် လန့်ပြီးယောင်သွားတယ် ။ အခုက အရှင်က ကုတင်ပေါ်မှာ ထိုင်နေပြီ သူကအရှင်ရင်ခွင်ထဲမှာ ရောက်နေတာ သူလည်း ရှက်ရှက်နဲ့ ရုန်းလိုက်တော့
     
      "  ငြိမ်ငြိမ်နေ "
           
      "  အ အရှင် ကျွန် ကျွန်တော် မနေတတ်လို့ "
     
      ရိပေါ်ရင်ခွင်ထဲကနေ အတင်းရုန်းကန်နေတဲ့ လူကို ကြည့်ပြီး အသည်းယားလာတယ် ။ ဖြူးဖွေးနေတဲ့အသား မျက်မွန်ပွင်သဏ္ဍာန်မျက်ဝန်းပြာလေးတွေ ၊ နီရဲနေတဲ့ နှစ်ခမ်းဖူးဖူးလေနဲ့ ကောင်လေးက အရမ်းလှပါသည် ။
     
     
      ဝမ်ရိပေါ်က တိုင်ပြည်ပေါင်းဆုံ နေရာပေါင်းဆုံး ရောက်ဖူးပြီး အလှလေးမျိုးဆုံတွေဖူးပေမဲ့ သူရှေ့က လူလောက် ဘယ်သူကမှ မလှပေ ။ သူအရင်က ဒီကလေးကို ဘာလို့များ မမြင်မိခဲ့ရတာလဲ ။
     
      သူစိုက်ကြည့်နေတာ ကြာသွားလို့ ထင်ပါရဲ့ ရင်ခွင်ထဲက အကောင်ပေါက်က မျက်နှာလေး နီရဲလာတာကြောင့် သူပိုပြီး အသည်းယားလာမိတယ် ။
     
      ရှောင်ကျန့်မှာလဲ သူ့ကို ‌မျက်တောင်မခက်တမ်း စိုက်ကြည့်နေတာကြောင့် ရှက်ပြီး မျက်နာတင်မက လည်ပင်းတွေပါ နီရဲလာတော့သည် ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Donde viven las historias. Descúbrelo ahora