arc.4 ( 4.9 )

672 70 13
                                    

 
     Uni

       [ host ကို အရမ်းအရေးကြီးတဲ့ ကိစ္စနှစ်ခုပြောဖို့ ရှိပါတယ် ]

        [ ဘာကိစ္စလည်း ]

        [ တစ်ခုကတော့ ဇာက်လိုက်လင်ယူ တော့ပါမယ်  ]

         " အဟွတ် အဟွတ် ”

        " ချင်းဟယ် ဖြေးဖြေးစားလေ "

        " ရတယ် ရတယ် ကျိချန်ကော ”

        [ ဘယ်လိုဖြစ်ပြီး ဘယ်တော့လည်း ဘယ်သူနဲ့လည်း ]

        [ ဘာကိုလည်း ]

        [ ဘယ်နေ့ လက်ထပ်မှာလည်း ဘယ်သူနဲ့လက်ထပ်မှာလည်း လို့မေးတာ ]

        [ host ကမှ သေချာမပြောတာကိုလို့ ရှောင်လီပဲ အပြစ်တင်နေတယ် ဟွန့် ]

      [ ကဲပါ ဟုတ်ပါတယ် ငါမှားတယ် နော် ပြောတော့ ]

      [ ဘယ်သူနဲ့လည်း ဆိုတော့ ဇာက်လိုက်မရဲ့ မောင်နဲ့ပါ ]

      [ ဘယ်လိုဖြစ်လို့ ]

      [ မှုလ ဇာက်ကြောင်းမှာ ယွီချင်းဟယ် က သေသွားတယ်လေ host ကမှမသေတာ အဲ့တော့ host အတွက် host အဖေက ဇာက်လိုက်မကို ငှားထားတယ်လေ အဲ့တော့ ဇာက်လိုက်မက သူ့အစား သူ့မောင်ကို ဇာက်လိုက်ကိုစောင့်ရှောက်ဖို့ အတွက်လွှတ်လိုက်တာ အဲ့မှာ ]

      [ ရပြီ အဲ့မှာ ဇာက်ကြောင်းထဲကလိုပဲ ဇာက်လိုက်က သူ့ကိုပြုစုပေးတဲ့ ဇာက်လိုက်မရဲ့မောင်ကို ကြိုက်သွားတယ် ဒါပဲမလား ]

       [ အွန်း ]

       [ လက်ထပ်ပွဲ ကဘယ်နေ့လည်း ]

      [ နောက်လ ထဲမှာပါ ]

       [ သြော်  နောက်တစ်ခုကရော ]

        [ ဘယ်တစ်ခုလည်း ]

        [ မင်းပဲငါ့ကို ပြောစရာ နှစ်ခုရှိတယ်ဆို အခုတစ်ခုပဲပြောရသေးတယ်လေ နောက်တစ်ခုက ဘာလဲ ]

          [ ဟုတ်သားပဲ ခဏလေး ကျွန်တော် မေ့သွားလို့ စဉ်းစားလိုက်အုံးမယ် ]

         ချင်းဟယ်လည်း စိတ်ထဲကနေသာ မျက်လုံးလှန်ပြလိုက်တော့တယ် ။ ဘယ်နဲ့ လာပြောတဲ့လူက မေ့နေရတယ်လို့ ။

       " ချင်းဟယ် ဒီမှာ အချိုရည်သောက်လိုက်အုံး ”

        " ကျေးဇူးကော ”

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now