arc. ( 3.1 )

950 100 2
                                    

     [Unicode]


      [ အခု ဇာက်လိုက်မ ဘယ်မှာလည်း ]

    [ မှုလကိုယ်က ပါဝင်ပစ္စည်းတွေကိုရှာရင်းနဲ့ ဒုက္ခရောက်နေတဲ့ ဇာက်လိုက်မကိုကယ်လာတာ အခုထိ host နဲ့ မတွေ့ရသေးဘူး ]

  [ ကောင်းတယ် ငါလည်းမကယ်ချင်ဘူး အားလုံးသိမ်းလိုက် ငါတို့ ဇာက်လိုက်တို့စခန်းကို သွားမယ် ]

____________________________________________________________________________

         [ host ရှေ့က စတိုခန်းထဲမှာ ကျောင်း
သားတွေရှိနေတယ် ]

        [ ဖွင့်လို့မရဘူးဟ ]

       [ host ရယ်အစွမ်းသုံးလေဗျာ ]

      [ ဟုတ်သားပဲ ]

      " အထဲမှာလူရှိလား လူလာကယ်တာပါ ”

     " ရှိတယ် ကယ်ပေးပါ ”

     " တံခါးနဲ့ အဝေးဆုံးမှာ နေ ”

     " ဝုန်း ”

     ရှောင်ကျန့်လည်း တံခါးကိုရေခဲချွန်တွေနဲ့ ဖျက်စီးလိုက်တယ်။ ပြီးတော့ အထဲကိုကြည့်တော့ ကျောင်းဆရာမဖြစ်ပုံရတဲ့ ကောင်မလေးတစ်ယောက်ရယ် ကျောင်းသား 6 ယောက်နဲ့ ကျောင်းသူ 3 ယောက် ကိုတွေ့တယ်။ ကျောင်းဆရာ ကောင်မလေးက သူကိုတွေ့တော့ အံသြ သွားပြီးပြေးဖက်တယ်။

      " luther နင်အသက်ရှင်နေသေးတယ် ငါနင်ကိုလိုက်ရှာနေတာ အပြင်ကလူတွေက ကြောက်စရာကြီး ဟင့် ”

      luther လည်းမှတ်ဉာဏ်ထဲပြန်ကြည့်မှ ကောင်မလေးက သူရဲ့အချစ်ဆုံးသူငယ်ချင်းမလေး Moon သူနဲ့ငယ်ငယ်ထဲက ပေါင်းလာတာ။

      " ငါရောက်လာပြီနော် တိတ်တော့မငိုနဲ့ ”

      " ဆရာ ဒါကဘယ်လိုလုပ်လိုက်တာလဲ ဟင် ”

      အသံကြားမှ ကြည့်လိုက်တော့ သူပစ်လိုက်တဲ့ ရေခဲတွေကို တလှည့်သူ့ကိုတလှည့်ကြည့်ပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ မေးနေတဲ့ ကျောင်းသားတွေ ။ သူလည်းကလေးတွေကို အစွမ်းတွေရနိုင်မဲ့ အကြောင်းရယ် စွမ်းအားအဆင့်တွေရယ်အကြောင်း ရှင်းပြလိုက်တော့ အားလုံးအံသြပြီး မျက်လုံးထဲမှာသူကို လေးစားတဲ့အကြည့်တွေနဲ့ သူကိုကြည့်နေကြတာ ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now