Uni
အဲ့အချိန်
" ဟဲ့ ကျောက်ကျိချန် အပြင်ထွက်သွားတယ် ဒီနေ့ ငါတို့ယုန်ပေါက်လေးဘေးနားမှာ စောင့်နေတဲ့ ဘီလူကြီးမရှိတော့ဘူး ”
" ဘာ ဒါဆို သူပြန်မလာခင် အလှလေးနဲ့ စကားသွားပြောရမယ် ”
" ဟုတ်တယ် ”
အားလုံး ထွက်သွားကြမှ
" မော့ချင်း ငါတို့လည်းသွားကြည့်ရအောင် ”
" အင်း ”
{ ကြည့်ရသေးတာ ပေါ့ ဟက် ဘယ်
လောက်ထိ လှမလဲ ဆိုတာ }ကန်တင်းကိုရောက်လာခဲ့တော့
" ဒီနေ့ ကန်တင်းမှာ လူစည်လှချည်လား ဘာများဖြစ်လို့လည်း ”
ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်ကိုမေးကြည့်တော့
" ဘာဖြစ်ရမှာလည်း နေ့တိုင်းအလှလေးဘေးနားမှာ ရှိနေတဲ့ ဘီလူးကြီးထွက်သွားတော့ အလှလေးနဲ့ စကားပြောကြမလို့ လူတွေအကုန်ရောက်လာကြတာလေ အခုတော့ နောက်ထပ်ဘီလူးတစ်ကောင်ရောက်လာပြီး အလှလေးဘေးနားမှာ ထိုင်နေတယ် ”
" ငါတို့လည်း အဲ့အလှလေးကို တွေ့ချင်လို့ ဘယ်မှာလည်း ပြီးတော့ နောက်ဘီလူးတစ်ကောင် ဘယ်သူလည်း ”
" ဘယ်သူရမှာလည်း ရေခဲဘုရင် ရန်လင်းချန် လေ ငါတို့ယုန်ပေါက်လေးဘေးနားကနေ ငါတို့ကို ကြည့်နေတာ အနားတောင် မကပ်ရဲဘူး ဟိုအပင်အောက်က ဝိုင်းမှာထိုင်နေကြတာ ”
{ တောက် ရန်လင်းချန် ကိုတောင်မြူစွယ်ရဲတယ် }
အားလုံးလည်း လက်ညိုးထိုးပြတဲ့ ဝိုင်းကိုကြည့်လိုက်တော့ ခုံမှာထိုင်နေတဲ့လူငါးယောက် မုန့်ထိုင်စားနေတဲ့ ချစ်စရာကောင်လေးရယ် အဲ့ကောင်လေးကို လက်မေး
ထောက်ပြီး ကြည့်နေတဲ့ ခန့်ညားလှတဲ့ လူတစ်ယောက်ရယ်။ သူတို့နှစ်ယာက်ကို ကြည့်နေကြတဲ့ လူသုံးယောက်ရယ် ။" ဟယ် အလှလေးဆိုတာ အဲ့ကောင်လေးလား လှလိုက်တာဟယ် မုန့်စားနေတဲ့ပုံလေးက ချစ်စရာလေး ”
မော့ချင်းလည်း ကော်ဖီတစ်ဘူး ယူပြီး အဲ့ဝိုင်းနားသွားလိုက်တယ်။ အနားရောက်တော့ ခလုပ်တိုက်သလိုနဲ့ ကော်ဖီတွေကို အဲ့ကောင်လေးပေါ်ကို လောင်းချလိုက်တယ်။
![](https://img.wattpad.com/cover/288846538-288-k674517.jpg)
VOCÊ ESTÁ LENDO
find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going )
Fanficstart. 7.8.2022 End......................