arc.4 ( 4.12 )

614 64 20
                                    


        Uni

      " ဟေး ယွင်ရှန့် ငါဒီမှာ ”

           ယွင်ရှန့်လည်း အဲ့နေရာကို သွားပြီး ဝင်ထိုင်လိုက်တယ် ။ ပြီးတော့

      " ကလေးက ငါကိုမေ့သွားပြီ တဲ့စုရုံ ”

      " ဘယ်သူလဲ သြော် ဟိုတစ်ခါ ငါ့ကိုနင့်ရည်းစား ဟန်ဆောင်ပြီးတွေ့ပေးတဲ့ တစ်ယောက်လား ”

     " အင်း အခုသူကငါ့ကို မသိတော့ဘူး ”

     " ဘယ်လိုဖြစ်လို့လည်း ”

     " အဲ့နေ့က ငါတို့ထွက်လာပြီး ခဏကြာတော့ ကလေးဆိုင်ထဲကထွက်လာပြီး လမ်း
ကူးနေတုန်း ကားတိုက်ခံလိုက်ရတယ် ”

     " ဘယ်လို ဖြစ်မှဖြစ်ရလေ ”

    " အခု ကလေးကအတိတ်မေ့နေပြီး ”

    " သူ့ မိဘတွေတော်တော် ခံစားရမှာပဲ ”

     " မဟုတ်ဘူး ကလေးက ငါကလွဲရင် အကုန်လူကို သတိရနေပြီ ”

     "  ဒါဆို နင်ဘာလုပ်မှာလဲ ”

     " ငါလည်း ဘာလုပ်ရမယ်မှန်း မသိတော့ဘူးဟာ အခု ကလေးဘေးမှာ တစ်ခြားအကောင်နှစ်ကောင် ကပါရောက်နေတာ ကလေးကလည်း အဲ့နှစ်ကောင်နဲ့ တော်တော်ရင်နှီးနေတယ် ”

      " ဟူး နင်အဖြစ်ကလည်း ဟယ် ငါကိုယ်ချင်းစာပါတယ် ...... လို့ ပြောချင်ပေမဲ့လည်း  baby က ငါကိုအရမ်းချစ်နေတော့ ငါနင်ကိုကိုယ်ချင်းစာပေး လို့မရဘူးဟ ”

        " နင် တော်လိုက်တော့ ငါနင်ဆီက အကြံဉာဏ်တောင်းချင်လို့ ခေါ်လိုက်တာ နင်ကြွားတာနားထောင်ဖို့ ခေါ်လိုက်တာမဟုတ်ဘူးနော် ဒါပြောမယ်ဆိုရင် ပြန်လိုက်တော့ ”

        " စတာပါဟာ ဒါပေမဲ့လည်း ငါပြောတာအမှန်ပဲ ဟာကို ”

           " ငါပြန်ပြီ ”

         " ဟဲ့ ဟဲ့ စတာပါ မပြောတော့ဘူး ”

         ယွင်ရှန့်နဲ့ စုရုံက စေ့စပ်ထားတာမှန်တယ် ။ သူတိုနှစ်ယောက်က ငယ်သူငယ်ချင်း
တွေဖြစ်နေတာမို့ မိဘတွေက စေ့စပ်ထားပေးခဲ့ကြတာ ။

         ဒါပေမဲ့ နှစ်ယောက်စလုံးမှာ ယွင်ရှန့်က ယောက်ျားလေးတွေ ပဲ​ကြိုက်သလို ၊ စုရုံကလည်း မိန်းကလေးတွေပဲ ကြိုက်တဲ့ အကွေးတွေ ဖြစ်နေတော့ ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now