arc.2 ( 2.1 )

1.3K 133 4
                                    

[Unicode]

( ကျန့်ကျန့် နဲ့ ကျိရန် ကို ဆောဂျွန်း နဲ့ ဟိုမင်းလို့ပြောင်း သုံးသွားပါမယ်)

ဆောဂျွန်းတစ်ယောက် အိပ်ယာထနောက်ကျသွားတာမို့ ကျောင်းကို အမြန် ထွက်လာခဲ့လိုက်တယ် ။ ကျောင်းရောက်တော့ သူကိုနောက်က လှမ်းခေါ်သံ ကြားလိုက်ရတယ် ။

" ဆောဂျွန်း "

လှည့်ကြည့်လိုက်တော့ မူလပိုင်ရှင်ရဲ့ သူငယ်ချင်းမလေးနှစ်ယောက်ဖြစ်တဲ့ ယင်းနာယောင်းနဲ ယူရှင်းမီ ။ မူလပိုင်ရှင်ရဲ့ သူငယ်ချင်းတွေကလည်း ပေါ့သေးသေးတော့မဟုတ်ဘူး။ top 6 ယူအိမ်တော်နဲ့ top 5 ယင်းအိမ်တော်က ဆက်ခံသူတွေ မူလကိုယ်သေ သွားတော့ ဇာက်လိူက်မကို လက်စားချေပေမဲ့ ဟိုကဇာက်လိုက်လေ သူတို့ပဲ သေတာပေါ့

" နာယောင်း ရှင်းမီ လာလေ "

" ဒီနေ့ နောက်ကျတယ်နော် ဘာဖြစ်နေလို့လည်း "

" အိပ်ယာထတာ နောက်ကြသွားလို့ "

ဆောဂျွန်းတို့ စကားပြောနေတဲ့အချိန်ပဲ ဘေးနားက မိန်းကလေးတွေ ထအော်ကြပါလေရော

" ဟဲ့ ဟဲ့ ဟိုမှာ အကိုဂျင်ဟီး "

လှည့်ကြည့်လိုက်တော့ ကားပေါ်ကနေ စတိုင်နဲ့ဆင်းလာတဲ့ ဇာက်လိုက် ဇာက်လိုက်ဘေးမှာတော့ ဇာက်လိုက်မ မီနာ ရုပ်လေးတော့ချောပါရဲ့ စောက်ကျင့်ကတစ်စက်မှ မကောင်းဘူး ဆောဂျွန်း လည်းအကြည့်လွဲပြီး ကန်တင်းကိုထွက်လာခဲ့တယ် ။

နောက်က ရှင်းမီ တို့ကတော့ အံသြနေတာပေါ့ မူလကိုယ်ကတစ်ချိန်လုံး ဇာက်လိုက်နားပဲ ကပ်နေတာလေ ဒါပေမဲ့ သူကမူလပိုင်ရှင်မှမဟုတ်တာ အဲ့ဇာက်လိုက်ကို ကြည့်လို့ကိုမရဘူး။

ကန်တင်းထဲရောက်တော့ စားချင်တာမှာပြီး ထိုင်နေတုံး

" ဆောဂျွန်း "

ဆောဂျွန်း လည်းမော့ကြည့်လိုက်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။

[ အဲ့တာ ဗီလိန်မရဲ့ မောင်လေးပါ host]

[ သူကဘာလို့ငါ့ကို နှုတ်ဆက်တာလဲ]

[ ကျန့်ကျန့် ငါလေ]

[ ကျိရန်]

" အင်း ငါကိုတောင် မမှတ်မိတော့ဘူးလား "

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now