arc ( 3 ) ( Lusefar, Luther)

1.1K 96 3
                                    

     [Unicode]



  ရှောင်ကျန့်လည်း ရှောင်လီကိုရန်မတွေ့နိုင်ပဲ သူ့ရှေ့က zombie ကိုအရင်ရှင်းရတော့တယ် ။ တခြား zombie တွေ ထွက်မလာခင် အဲ့နေရာက ထွက်လာခဲ့တယ် ။

           အဲ့အချိန် သူဘေးနားကို အရာတစ်ခုကြလာခဲ့တယ် ။ သူလည်း ရှောင်လီက ကောက်ခိုင်းတာနဲ့ ကောက်လာလိုက်တာပဲ ။

ပြီးတော့မှ လုံခြုံတဲ့အိမ်တစ်အိမ်ကိုရှာထဲဝင်ကာ ဇာက်ကြောင်းဖတ်ကြည့်တော့

     [ ဇာက်ကြောင်းထည့်သွင်းနေပါပြီ ]

       ဒီကမ္ဘာရဲ့ဇာက်လိုက်က Lauren L‌UA group ရဲ့ CEO ။ ဇာက်လိုက်မက သုတေ
သနပညာရှင် Sophia ။ ဇာက်လိုက်နှစ်ယောက်တွေ့ဆုံတာကတော့  ။တစ်နေ့ လူတစ်ယောက်က အင်တာနက်မှာ ကမ္ဘာကြီးပျက်စီးတော့မယ် ကမ္ဘာပျက်ကပ်စတော့မယ်လို့ စာတင်လာတယ် ။ဒါပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။

       နောက်နေ့  နေလည်မှာ ရုတ်တရက်ပါပဲ  တစ်ကမ္ဘာလုံး ဘာမှမမြင်ရအောင် မည်းမှောင်သွားပြီး လျှစ်စစ်စွမ်းအင်တွေ ပြတ်တောက်သွားတယ် ။

      ခဏသာကြာပြီး ပြန်လင်းလာတဲ့အတွက် ဂရုမထားခဲ့ကြသလို ပြန်လင်းလာတဲ့ချိန်မှာ ပြောင်းလဲသွားတဲ့ သူတို့ဘေးနားကလူတစ်ချို့ကို လည်း သတိမထားမိကြပါ အဲ့လိုနဲ့ ကမ္ဘာပျက်ကပ်က စတင်လာခဲ့တယ် ။
     
      ကမ္ဘာကြီးပြန်လင်းပြီးဒုတိယရက် မှာ ကမ္ဘာလူဦးရေရဲ့ 60 % ခန့်ဟာ  အပျင်းဖျားရောဂါ ဖြစ်ပွားခဲ့ကြပြီး ။တစ်ချို့က သက်သာလာခါမှ  သေဆုံးသွားသလို တစ်ချို့က သေခါနည်းဆဲဆဲမှာပဲ အသက်ရှင်နိုင်ခဲ့တယ် ။

     ဒါပေမဲ့ တတိယရက်မှာ ရေခဲတိုက်မှ အလောင်းတွေ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ကြားလာရတယ် လူပေါင်းမြောက်များစွာ ပျောက်ဆုံးမှုတွေ များလာခဲ့တယ် ။
    
           ကမ္ဘာကြီးအမှောင်ကြပြီး လေးရက်မြောက်နေ့ zombie ဗိုင်းရစ် ကူးစက်လာပြီ။
    
     Lauren အစည်းအဝေးလုပ်နေတုန်း ကုမ္မဏီရဲ့ ဒါရိုက်တစ်ဦးက ရုတ်တရက်ဆိုသလို ဘေးနားကလူတွေကို ခုန်အုပ်ကာ ကိုက်သတ်စားသောက်လေတော့တယ် ။ သေဆုံးသွားတဲ့ အခြားလူတွေကလည်း ကူးစက်ပြီး အသက်ရှင်နေတဲ့ လူတွေကို လိုက်လံ သတ်ဖြတ်တော့တယ် ။ အိမ်မက်ဆိုးကြီးစတင်လေပြီ ။
    
     Lauren တို့လည်း ကုမ္မဏီထဲကနေ ထွက်လာကြတဲ့အခါ အပြင်ကမ္ဘာမှာပါ အလားတူဖြစ်ရပ်မျိုးတွေ မြင်တွေ့ လာရတော့တယ် ။နောက်တော့ လူသားတွေလည်း တစ်ကယ့်ကမ္ဘာပျက်ကပ် ဖြစ်‌နေပြီးဆိုတာသိလိုက်ရတော့တယ် ။
    
     အဲ့အချိန်မှာ သတိပေးခဲ့တဲ့လူရဲ့အကောင့်ကို လိုက်ရှာခဲ့တဲ့ လူတွေ ရှိပေမဲ့လည်း အဲ့လူက ကမ္ဘာပေါ်မှာ မရှိခဲ့သလိုမျိုး ပျောက်ဆုံးသွားခဲ့တယ် ။
    
     ငါးရက်မြောက်နေ့ ရေထုတွေ ပျက်စီးကုန်တယ် တိရိစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ် ကုန်‌ပြီ ။ လျှပ်စစ်စွမ်းအင်တွေ အလုပ်မလုပ်တော့ပေ ။
    
     ခြောက်ရက်မြောက်နေ့ ရာသီဥတုဖောက်ပြန်ပျက်စီးပြီး အပူချိန်မြင့်တက်လာခဲ့ပြီ ။ လူသားတွေတွက် မျော်လင့်ချက်မဲ့လာပြီ ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now