arc.4 ( 4.5 )

673 74 7
                                    

Uni

ချင်းဟယ်တို့ အထဲကိုဝင်သွားမလို့လုပ်တော့

" ထုန်ထုန် နင်ဘယ်လိုဖြစ် နင်ငါကိုအမေအဖြစ် အသိမှတ်မပြုတော့ဘူးလား "

" မား စိတ်ချော့ပါ ကောကလည်း မားကိုစိတ်ဆင်းရဲအောင် မလုပ်နဲ့လေ "

" သားငယ် မင်းဘေးဖယ်နေ ဒီလိုကောင်ဘက်ကနေကာ ပေးစရာမလိုဘူး "

" မားရယ်စိတ်ချော့ပါ "

" ထုန်ထုန် နင်ကိုငါပြောမယ် အခုနင်ညီ နိုင်ငံခြားကို ပညာသင်ဖို့သွားဖို့အတွက် ပိုက်ဆံလိုနေတယ် အဲ့တာနင်ကို မွေးစားထားတဲ့ မောင်နှမဆီက တောင်းပေး မဟုတ်ရင်တော့ ငါကိုနောက်ထပ် မြင်ရမယ်မထင်နဲ့ "

" ခင်ဗျား တို့ကိုထွက်သွားခိုင်းနေတယ် "

" ဘာ ထုန်ထုန် နင်ကိုလေ ဗိုက်ထဲမှာကတည်းက သတ်ပစ်ရမှာ နင်ကမွေးမလာသင့်တဲ့ မကောင်းဆိုးဝါးကောင်ပဲ "

" ဝုန်း "

အသံကြားနေရတော့ သည်းမခံနိုင်တဲ့ လုဝေနဲ့ ရုံရွယ်ကပြေး ဝင်သွားပြီး ။

" ရှင်တို့တော်တော် လွန်နေကြပြီနော် "

" ခင်ဗျားတို့ ထွက်သွားလိုက်တာကောင်းမယ် "

" နင်တို့နဲ့ ဆိုင်လို့လား ငါမွေးထားတဲ့လူကို ငါဆုံးမနေတာ "

" ရှင်တို့ သူကိုမိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့ပြီးကတည်းက သူနဲ့ရှင်တို့ ဘာမှမဆိုင်တော့ဘူး အခု မုရုံတို့ကသာ သူမိသားစုဝင်တွေ "

" ဟုတ်တယ် ခင်ဗျားတို့ ဒီကနေထွက်သွား "

" ဒါငါသား ငါဟာငါ ဘာလုပ်လုပ် သူ့ခန္ဓာကိုယ် ထဲမှာငါ့သွေးတွေ ရှိနေတုန်းပဲ "

" ဟက် ကောင်းပြီလေ ဒါဆိုစရင်းရှင်းရအောင် "

" ဘာ.. ဘာကိုရှင်း "

" ဒီမှာ ဒါသူရဲ့ ဆေးရုံကုန်ကျတဲ့ငွေစရင်း
အားလုံးပေါင်း သိန်း 60 ကျော် ခင်ဗျားတို့ဘယ်လိုပြန်ပေးမှာလည်း "

" ငါတို့နဲ့ ဘာဆိုင်လို့လည်း "

" ဟုတ်တယ် ကျွန်တော်တို့က ဘာလို့ပေးရမှာလည်း "

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now