arc.1 ( 1.11 )

1.4K 138 2
                                    

[Unicode]

     ညဖက်ရောက်သော်

      တစ်ခြားတိုင်းပြည်က သံတမန်တွေ၊ မင်းသား၊ မင်းသမီးတွေရဲ့ လက်ဆောင်တွေနဲ့ ဆုတောင်းစာတွေပေးပြီးတော့ ကချေသည်  မိန်းကလေးတွေ ကနေတုန်း ဝမ်အရှင်တစ်ယောက် သွေးတွေအန်လာတော့ အကုန်လုံး လန့်သွားတယ် အဲ့ထဲမှာ ကြင်ယာတော်ဇီယီနဲ့ အမတ်ကြီးတို့မပါပါဘူး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးကာ

      " အရှင့်အတွက် သမားတော် သွားခေါ်လေ ”

     " အရှင် ”

     " အကိုတော် ”

     " ကိုကို ”

     " ဝမ်ကော ”

    သမားတော်ရောက်လာတော့

     " သမားတော်ကြီး အကိုတော် ဘယ်လိုနေသေးလဲ "

    " ဒီအဆိပ်က ဝမ်စီအဆိပ်ပါ အရှင့်သား  အရင်မင်းကြီး ဆုံးသွားတုံးက အဆိပ်နဲ့ အတူတူပါပဲ အရှင် ဒါပေမဲ့ ပမာ
ဏနည်းတော့ ဖြေးဆေးနဲ့ ကုလို့ရပါသေးတယ် ”

   " ဘာ ဘယ်လိုဖြစ်နိုင်မှာလဲ လက်ယာအမတ်ကြီးက အခုအိမ်တော်မှာ အချုပ်ခံထားရတာမလား ”

     " ကြင်ယာတော်ရှောင်က အမတ်ကြီးရဲ့ သား မလားသူလုပ်တာလား ”

     မင်းသားတစ်ချို့ပြောတာကြားတော့ ဇီယီ ကြိတ်ပြုံးလိုက်တယ် ရှောင်ကျန့်နင်အတွက်
သေနေ့စေ့ပြီ

     " အရှင် အဆောင်တော် အားလုံးကို စစ်ဆေးသင့်ပါတယ် ”

      " ကုန်းကုန်း အဆောင်အားလုံးကို သေသေချာချာ လိုက်ရှာကြစမ်း ”

      " ဟုတ်ကဲ့ အရှင့်သား အားလုံးလိုက်ရှာကြ ”

     ခဏကြာသောအခါ

     " အရှင်တွေ့ပါပြီ ”

   ထိုအခါ ဇီယီက ဝမ်းနည်းတဲ့မျက်နှာနဲ့ ရှေ့တိုးလာခါ

   " ကြင်ယာတော်ရှောင် ဘာလို့အရှင်ကို ဒီလိုလုပ်ရက်ရတာလဲ ”

    " အဲ့ အဆိပ်ပုလင်းကို ဘယ်ကတွေ့တာလဲ ”

    " ကြင်ယာတော်ဇီယီ အဆောင်ကတွေ့တာပါ အရှင် ”

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now