arc.4 ( 4.18 ) end

294 16 6
                                    

Uni

YUE GROUP

ခမ်းနားထည်ဝါလှတဲ့ အဆောက်အဉီးရှေ့မှာ လူတွေ ဝိုင်းအုံနေကြတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ယွီ ကုမ္မဏီရဲ့ ဉက္ကဌ က ပထမသခင်လေးကို YUE group ကိုလွဲပေးတော့မှာ

အဲ့အတွက် အားလုံးစုဝေးပြီး စောင့်နေကြတာ ဖြစ်တယ်။

မကြာမိ ကြည့်ရုံနဲ့ သာမာန်မဟုတ်မှန်း သိသာလှတဲ့ ကားတန်းကြီးရောက်လာခဲ့တယ် ။

ကားပေါ်ကနေ ဉက္ကဌ အရင်ဆင်းလာပြီးမကြာမိ တစ်ဖက်ခြမ်းကနေ ပထမသခင်လေး ဆင်းလာပြီ အစောင့်တွေ ခြံရံကာ အထဲကိုဝင်သွားတော့တယ် ။

အပြင်က လူတွေကတော့ ပထမသခင်လေး ရဲ့အကြောင်းပြောပြီးကျန် ခဲ့ကြတာပေါ့ ။

အစည်းဝေး ခန်းထဲမှာရှယ်ယာရှင်တွေ ဒါရိုက်တာ အဖွဲဝင်တွေ စုဝေးနေကြတယ် ။

" အားလုံး သိပြီးကြပြီမလား ဒီနေ့အာလုံးကိုခေါ်လိုက်ရတာက ရန်အာကို ဒီ YUE group ကို လွဲပေးပြီး ငါအနားယူတော့မယ် "

" ဉက္ကဌ ရဲ့သားက ဉက္ကဌ လိုထက်မြတ်မယ်ဆိုတာ ယုံပြီးသားပါ "

" ကျွန်တော် ကန့်ကွက်ချင်ပါတယ် "

" ဉီးလေး ၂ ကဘာများ မကျေနပ် လို့လည်း "

" မင်း အသက်က ငယ်သေးတယ် "

" ဟက် "

ရန်ထင်း သူ့ဉီးလေးဖြစ်သူကို ကြည့်ပြီး တစ်ချက် လှောင်ရယ်မိတယ် ။

" အဲ့တော့ ကုမ္မဏီကို ခင်ဗျားလို့ အဖိုးကြီးကို ပေးသင့်တာပေါ့ "

" မင်း မိုက်ရိုင်းလှချေလား "

" ဟက် ဒီမှာရှိနေကြတဲ့ ရှယ်ယာရှင် လူကြီးများနဲ့ ဘုတ်အဖွဲ့ဝင် လူကြီးများကို ပြစရာ တစ်ခုရှိပါတယ် ဒီကိုတစ်ချက် ကြည့်ပေးကြပါ "

" ဟင် "

" ဟာ "

" ဒါ ပိတ်စမ်း "

အခန်းထဲက လူအားလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်တယ် ။ ပရိုဂျက်တာမှာ လာနေတာက ရန်ထင်းရဲ့ ကားဘရိတ်ကြိုးကို ဖြတ်ဖို့ပြောနေတဲ့ video ဖိုင် နဲ့ YUE group ရဲ့ ရန်ပုံငွေ တွေ ကိုအလွှဲသုံးစား လုပ်ထားတဲ့ မှတ်တမ်းတွေ ဖြစ်နေလို့ပါပဲ ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now