system space

971 101 9
                                    

  [Unicode]


ဒီကမ္ဘာမှာ ရှောင်ကျန့်က နှလုံးရောဂါကြောင့် အသက် 40 ကျော်မှာ ရိပေါ်ထက်အရင် ထွက်လာခဲ့ရပါတယ်။ သူတို့အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ သူတို့အားလုံးမွေးစားထားတဲ့ လီဆောဟီး လေးကိုလွဲပြောင်းပေးခဲ့တယ်။

သားငယ်က သူ့တို့အားလုံးရဲ့ စကားကိုသေချာနားထောင်ပြီး ကုမ္မဏီကို ပိုပြီးတိုးတက်အောင် အုပ်ချုပ်နိုင်ပါတယ်။ သူထွက်လာပြီး သိပ်မကြာခင်ပဲ ကိုကိုလည်းထွက်လာခဲ့တယ်။

ကျိရန်ကတော့ မလာသေးပါဘူး။ အဲ့တာနဲ့ သူလည်းပျင်းလို့ ရှောင်လီနဲ့အတူဆော့နေလိုက်တယ်။

ခဏကြာတော့

" ငါပြန်ရောက်ပြီ "

" ကျိရန်ပြန်လာပြီလား ငါမင်းကိုစောင့်နေတာ ပျင်းလို့သေတော့မယ် "

" အင်း ကျန့်ကျန့် ငါမင်းကိုပြောစရာရှိတယ်သိလား "

" ပြောလေ "

" မင်းဆုံးသွားတော့လေ  "

" အေးဘာဖြစ်လဲ "

" မင်းရဲ့ ကိုကို "

" ဘာလဲ ကိုကိုက ငါမရှိတော့ နောက်မိန်းမယူတာလား ကိုကိုစုတ် "

" မဟုတ်ပါဘူး စကားကိုသေချာနားထောင်ပါ "

" ပြော "

" မင်းရဲ့ကိုကိုနဲ့ မင်းမွေးစားထားတဲ့ ဆောဟီးလေးကလေ ဘယ်သူနဲ့ရသွားတယ်ထင်လဲ "

" ဘယ်သူလဲ "

" မင်းထင်ထားမှာတောင် မဟုတ်ဘူး "

" ဟမ် "

" ဒိုယောင်းနဲ့ "

" ဒိုယောင်း ? ဒိုယောင်းကဘယ်သူလဲ "

" ......... "

" ဪ သိပြီ ဂျွန်မင်းရဲ့ သူငယ်ချင်းမလား ထယ်ဆောင်း ကို ကူညီပေးတဲ့ တစ်ယောက် "

" အေး "

" ... သူတို့ အသက်ကနှစ် 20 ကျော်တောင် ကွာတာလေ "

" အေး "

" ထားပါလေ တစ်ယောင်နဲ့ တစ်ယောက်ချစ်နေကြရင် ပြီးတာပါပဲ "

[ host တို့နောက်ကမ္ဘာကို သွားကြမလား ဒါမှမဟုတ် ခဏနားကြမလား ]

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now