[Unicode]
ကြာကန်နားက အဆောင်ကို ရောက်တော့
" ဒီနားမှာ ထိုင်ကြမယ်လေကော "
" အင်း "
" ရှောင်လီ ဂီတ skill အဆုံးထိဖွင့်လိုက် ",
[ ဟုတ်ကဲ့ host host ကျွန်တော် ခဏအထက်ကို သွားလိုက်အုံးမယ် မကြာဘူးနော် ]
ရှောင်ကျန့် ပုလွေစ မှုတ်လိုက်တယ် ဆိုရင်ပဲ အနားမှာရှိသမျှလူတိုင်း ပုလွေသံနဲ့ အတူစီးမျောပြီး သူတို့ရဲ့ အလုပ်တွေကိုတောင် မေ့ပြီးနားထောင်နေမိကြတယ် ။
အဲ့အချိန် အဆောင်ထဲက ရှောင်ကျန့်တို့ကို လူနှစ်ယောက်က ဝမ်းနည်းစွာ ငေးကြည့်နေကြတာကို မသိလိုက်ကြဘူး ကွယ် ။ပုလွေသံ ဆုံးတော့
" ကျန့်ကျန့်က ပုလွေမှုတ်တာလည်း တော်တာပဲ "
" အကိုနှစ် ဝမ်ကော "
ရှောင်ကျန့်လည်း အလျှင်မြန်ထပြီး အရိုသေပေးလိုက်တယ် ။
" အရှင့်ကို နှုတ်ဆက်ပါတယ် လျို့ချင်းကောက ချီးကျူးလွန်းနေပါပြီ ကျွန်တော်က ဂီတကို ဝါသနာပါလို့ နည်းနည်းပါပါးပဲ သင်ထားတာပါ "
" ကိုယ်က တကယ်ပြောတာပါ ကျန့်ကျန့်က ဂီတကို ဝါသနာပါတော့ ကုချင်းရော တီးတတ်သလား "
" ဟုတ်ကဲ့ နည်းနည်းပါးပါးတော့ တီးတတ်ပါတယ် "
" ကောတို့ကို တီးပြပါလား "
" ဟုတ်တယ် ချင်းချင်းလည်း နားထောင်ချင်လို့ ကျန့်ကော ချင်းချင်းကို ကုချင်း တီးပြပါနော် "
" ဟုတ်ပါပြီး ကောတီးပြပါ့မယ် "
" ကဲ တစ်ယောက်ယောက် ကုချင်းတစ်လက် လောက် သွားရှာချေစမ်း "
" ဟုတ်ကဲ့ပ် မင်းသားရန် "
ခဏကြာသော်
" ဒီမှာပါ မင်းသားရန် "
" ရပြီ သွားတော့ "
" ဟုတ်ကဲ့ "
" ရော့ ကျန့်ကျန့် ကောတို့ကို တီးပြလို့ရပြီ "
" ဟုတ်ကဲ့ကော ဘယ်လို သီချင်းမျိုးကို နားထောင်ချင်လဲ ကော "
" အလွမ်းသီချင်း ချင်းချင်း အလွမ်းသီချင်း နာထောင်ချင်တယ် ကော "
" ကဲ သူပြောတာကိုပဲ တီးပေးလိုက်ပါ ကျန့်ကျန့်ရယ် "
" ဟုတ်ကဲ့ "
ရှောင်ကျန့်လည်း သုရဲ့ မှုလကမ္ဘာက သီချင်းတစ်ပုဒ်ကို တီးပေးလိုက်တယ် ။
" တောင် တင် တောင် "
( ကုချင်းသံလို့ သဘောထားပေးပါ )
( အရမ်းချစ်ကြတဲ့ ကောင်လေးနှစ်ယောက် ချစ်သူက တိုင်းပြည်အတွက် စစ်တိုက်ဖို့ထွက်သွား တဲ့အချိန် ပြန်လာရင်နှစ်ယောက်သား လက်ထပ်ပြီးအတူနေဖို့အတွက် ပြန်လာခဲ့မယ်လို့ ဂတိပေးပြီး စစ်ထွက်သွားတဲ့ ချစ်သူကို ဆုတောင်းပေးရင်း စောင့်နေတဲ့ ကောင်လေး စစ်ပွဲပြီးရင် ချစ်သူနဲ့ အတူနေနိုင်ပြီဆိုပြီး အားတင်းနေပြီး ရန်သူတွေနဲ့ တိုက်ခိုက်နေရင်း မြှားမှန်ပြီး သေဆုံးသွားတဲ့ချစ်သူကို စောင့်နေပေမဲ့ ပြန်လာမဲ့သူကတော့ မရှိတော့ဘူးလေ ဒါပေမဲ့ တစ်နေ့နေ့ ပြန်လာမယ်ဆိုပြီး စောင့်နေခဲ့တယ် ရာသီတွေ အလီလီပြောင်း နှစ်တွေကြာညောင်းပြီး နှောင်းဆုံးသေဆုံး သွားချိန်ထိပေါ့ )
( သီချင်းက ရမ်းဖြီးထားတာနော် )
ကုချင်းသံဆုံးသွားတော့ နားထောင်နေတဲ့ လူအချို့လဲ သီချင်းထဲက ချစ်သူနှစ်ယောက်ကို သနားပြီး ငိုနေကြတယ် ။
" ဟင့် ဟင့် သနားဖို့ ကောင်းလိုက်တာ "
" အင်း ကျန့်ကျန့်က ကုချင်းတီးတာ တော်သားပဲ "
" ကျန့်ကျန့်ကတော်တာ မဟုတ်ပါဘူး သီချင်းကကောင်းလို့ပါ "
" သီချင်းဘယ်လောက် ကောင်းကောင်းတီးတဲ့လူ မတော်ရင် နားထောင်လို့ ကောင်းမှာမဟုတ်ဘူးလေ ကျန့်ကျန့်တော်လို့သာ အခုလို နားထောင်လို့ ကောင်းတာပေါ့ "
" ဟုတ်တယ် ကျန့်ကောက အရမ်းတော်တာပဲ "
" ကျေးဇူးတင်ပါတယ် ချင်းချင်းနဲ့ ကော "
" ဟီးဟီး ကောပြီးရင် ချင်းချင်းကို မုန့်လုပ်ကျွေးပါအုံးနော် "
" အင်းပါ ကောက ချင်းချင်းမစားဘူးတဲ့ မုန့်တွေ လုပ်ကျွေးမယ်နော် "
" ဒါမှ ချင်းချင်းရဲ့ ကျန့်ကော ဪ ဒါနဲ့ အကိုနှစ်တို့က ဒီကို ဘာလာလုပ်တာလဲ "
" အရေးကြီးကိစ္စ ပြောစရာရှိလို့ ချင်းချင်းကို လာခေါ်တာ "
" ဟွန့် ချင်းချင်းက ကျန့်ကောနဲ့ မုန့်လုပ်စားမလို့ပါဆိုနေ "
" ကဲပါ မုန့်ကို ကောနောက်နေ့ လုပ်ကျွေးမယ်လေ ချင်းချင်းက လိမ္မာပါတယ် "
" တကယ်နော် ဂတိ "
" အင်းပါ ကောဂတိပေးပါတယ် ဒါဆို အရှင်မင်းကြီး လျိုချန်ကော ကျွန်တော်ကို ခွင့်ပြုပါအုံး "
ရှောင်ကျန့်လည်း သူ့အဆောင်ကိုပဲ ပြန်လာခဲ့လိုက်တယ် ။ လမ်းတစ်ဝက်မှာ
" ကျန့်လေး "
ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ အပြာနုရောင်မှာ ဝါးရွက်လေးတွေပါတဲ့ အင်္ကျီနဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ် ။ အဲ့လူကို မြင်တော့သူအလိုလိုနေရင်း ဝမ်းနည်းလာခဲ့တယ် မျက်နှာပေါ်က စိုလာလို့ ကိုင်ကြည့်တော့မှ သူငိုမိနေမှန်း သိတယ် ။
" ဟင့် ဟင့် "
" ကျန့်လေး မငိုပါနဲ့ "
ရှောင်ကျန့် မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေကြိ ပြန်စစ်ကြည့်မှ ဒီလူက မူလကိုယ်ရဲ့ ချစ်သူမှန်းသိလိုက်တယ် ။
မှုလရှောင်ကျန့်မှာ စုန့်ကျိရန်ဆိုတဲ့ ချစ်သူတစ်ယောက်ရှိတယ် ။ ကျိရန်က နန်းတော်ထဲက သမားတော်ကြီးဆီမှာ အလုပ်သင်သမားတော် အနေနဲ့ ဆေးပညာသင်နေတဲ့သူ ရှောင်ကျန့်ကိုလည်း အရမ်းချစ်တယ် ။
နောက်ပိုင်းရှောင်ကျန့်ကို ဇာက်လိုက်က ကြင်ယာတော်မြှောက်လိုက်တော့ အဝေးကနေပဲ ရှောင်ကျန့်ကို စောင့်ရှောက်ပေးနေခဲ့တယ် ။ သူလည်း ဇာက်သိမ်းမလှခဲ့ပါဘူး ဧကရာဇ်ဟောင်း သေဆုံးခဲ့တာဟာ လက်ဝဲ အမတ်ကြီးရဲ့ လက်ချက်ဆိုတာသိသွားတော့ ဇာက်လိုက်ကို ပြောပြဖို့လုပ်ပေးမဲ့ လက်ဝဲအမတ်ကြီးက အရင်သိသွားပြီး သူကိုပါရှင်းပလိုက်တယ် ။
" ကိုကို ဟင့် "
" ကျန့်လး မငိုရဘူးလေ "
" ဟင့် ဟင့် "
" လိမ္မာပါတယ်နော် မငိုနဲ့တော့ "
" ဟုတ် ဟင့် "
[ host ရေ ရှောင်လီပြန်လာပြီ ဟင် host ငိုနေတယ် ဘယ်သူငါ့ host ကိုငိုအောင်လုပ်တာလဲ စိတ်မပူနဲ့ host အဲ့လူကို ရှောင်လီသွားရိုက်မယ် ]
" မဟုတ်ပါဘူး မှုလပိုင်ရှင်ရဲ့ ချစ်သူကို တွေ့လို့ စိတ်မထိန်းနိုင်ဘဲ ငိုမိတာ "
" ကျန့်ကျန့်က ကိုယ့်ရဲ့ တွဲဖက် host လား "
" ဟမ် တွဲဖက် host "
YOU ARE READING
find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going )
Fanfictionstart. 7.8.2022 End......................