system space

172 13 0
                                    

Uni

         ရင်းနှီးနေတဲ့ နေရာကို ထပ်ရောက်လာရင်း ရှောင်လီကို ခေါ်မိတယ် ။

      " ရှောင်လီ! ရှောင်လီ ဒီ ကြောင်မသားဘယ်ရောက်နေ "

     ရှောင်ကျန့်ရဲ့ ထုံးစံ အတိုင်းအဆဲကတော့ မပါမဖြစ်ပဲ အခုလည်းဘယ်ရောက်နေမှန်းမသိတဲ့ ရှောင်လီကို လှမ်းဆဲနေပြန်ပြီ ။

____________________________________________________________________________

    တစ်ဖက်မှာ

        [ လူကြီးရေ ]

       [ ဟင် ပြောပါအုံး ကိုယ့်ကလေးလေးက ဘာလိုချင်လို့လည်း ]

      [ ရှောင်အာကို လေ host က အရမ်းအနိုင်ကျင့်တာပဲ သိလား။ သူလိုချင်တာ ရှိပြီဆို ရှောင်လီလေးရေ အသည်းလေးရေနဲ့ သူ့လင်ရောက်လာရင် တော့
ရှောင်အာကို မောင်းမောင်းထုတ်တယ် ]

     [ ကိုယ့် ကလေးလေးကို အနိုင်ကျင့်နေတာ ကိုယ်က လက်စားပြန်ချေပေးရမှာပေါ့ ]

       [ ဒါကြောင့် လူကြီးကို ချစ်ရတာ  ဒီတစ်ခါ ကမ္ဘာကို ခက်ခက်ခဲ ဖြစ်အောင်လုပ်ပေးနော်  ]

      [ ဟုတ်ပါပြီ ကိုယ့်ကလေး စိတ်တိုင်းကြ ဖြစ်စေရမယ်  ]

    ထိုစဉ်အခါ

     " ဟိုကြောင်မသား ဘယ်ရောက်နေလဲ "

     [ လူကြီးရေ  host ပြန်ရောက်နေပြီ ထင်တယ် ရှောင်လီကိုရှာမတွေ့ လို့ ခေါ်နေပြီ သွားတော့မယ် ]

     [ ခဏ ခဏနေဦးလေ ကလေး ကိုယ်တို့ အခုမှ တွေ့ရတာ လေ ကလေး ကလေးရေ

   ဒီ ကလေးနဲ့ ပြောတော့  သူ့အတွက်လက်စားချေပေးပါ တဲ့ အခုတော့ ဟိုက တစ်ချက်ခေါ်တာနဲ့ ပျောက်သွားပြီ ဒီကလေးနဲ့ တော့ ဟင်း ]

     ချန်ရှီးချင်း တစ်ယောက် ခေါင်းသာအသာ ခါမိတော့တယ် ။

____________________________________________________________________________

        [ ဟီးဟီး host ပြန်ရောက်ပြီလား ဘယ်အချိန်ကတည်းက ပြန်ရောက် ]

       " ငါရောက်နေတာကြာလှ ပြီ မင်းသာ မင်းလင်ဆီသွားလို့ကြာနေမှန်းမသိတာလေ "

      [ host ရှောင်လီကိုပဲ မပြောနဲ့လေ host ကော hostလင်နဲ့တွေ့ရင် ရှောင်လီကို မေ့သွားတာပဲ မဟုတ်လား ကိုယ်ချင်းစာစိတ်ကိုမရှိဘူး သူကြသူ့လင်နဲ့
အမြဲတွေ့နေရတာကို ဒီက အားတဲ့အချိန်လေးပဲ တွေ့ရတာကို အားအားရှိ လူကို ပြောမယ် ခိုင်းမယ်ဆိုတာ

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now