arc.4 ( 4.4 )

799 77 1
                                    

        Uni

        ချင်းဟယ်လည်း အံသြနေတာပါ။

     [ ရှောင်လီ သူတို့က ]

    [ host အဖေက host ကိုစိတ်ပူလို့ ခန့်ထားတဲ့ အရိပ်ကိုယ်ရံတော်တွေပါ နောက်တစ်ခါ မတော်တဆထပ်ဖြစ်မှာဆိုး လို host နောက်ကနေတိတ်တိတ်လေး စောင့်ရှောက်ခိုင်းထားတာ အခု host ထိခိုက်သွားလို့ ထွက်လာကြတာပါ ]

      " ကျွန်တော် အဆင်ပြေပါတယ် သူမကိုလွှတ်လိုက်ပါ ”

       ကိုယ်ရံတော်ဆီက လွတ်တာနဲ့ မိန်းက
လေးက ထွက်ပြေးသွားတယ်။ နောက်တစ်ယောက်ကတော့

      " တောင်းပန်ပါတယ် ကျွန်မမရည်ရွယ်ပါဘူး ကျွန်မ အဲ့ကြောင်ကို ရမှဖြစ်မှာမို့လို့ပါ ”

      " ကိစ္စမရှိပါဘူး ဒါပေမဲ့ ကြောင်ကိုတော့ပြန်ပေးလို့ မရဘူး ဒါက ပျောက်နေတဲ့ ကျွန်
တော်ကြောင်လေးပါ ”

      " တောင်းပန်ပါတယ် ဆိုင်မှာတွေ့တော့ ရောင်းတဲ့ကြောင်မှတ်လို့ ”

      အဲ့ အချိန်ဆိုင်ရှင်ထွက်လာပြီ။

     " ဘာများဖြစ်လို့လည်း ကျွန်တော်ကဒီဆိုင်ပိုင်ရှင်ပါ ”

    " ဒီလို အရောင်နဲ့ နောင်ထပ်ကြောင်တစ်ကောင်ရှိသေးလား မသိဘူးရှင့် ”

    " အော် ဒီကြောင်လေးက ကျွန်တော်ဆိုင်မှာရောင်းတာ မဟုတ်ပါဘူး လမ်းမှာတွေ့လို့ခေါ်လာတာပါ နောက်ထပ် အရောင်တူပေမဲ့ ဒီထက်သေးတဲ့ ကောင်လေးတစ်ကောင်ပဲ ကျန်ပါတော့တယ် ”

      " ရပါတယ် ကျွန်မကို အဲ့ကြောင်လေးပဲပေးပါ ”

     " ဟုတ်ကဲ့ ဟေ့ ကောင်လေးတစ်ယောက် မိန်းကလေးကို ကြောင်လေးတွေလိုက်ပြလိုက် ”

     " ဟုတ်ကဲ့ သူဌေး မိန်းကလေးဒီဘက်ကို ကြွပါခင်ဗျ ”

    " ဒီဘက်က တစ်ယောက်ကို ထပ်တောင်း
ပန်ပါတယ်နော် ကိစ္စမရှိရင် ထမင်းလိုက်ကျွေးချင်လို့ ခဏစောင့်ပေးလို့ ရမလားရှင့် ”

      " အာ ရပါတယ် ကိစ္စမရှိပါဘူး ”

      " ဒါဆို ဟိုနားက ကော်ဖီဆိုင်မှာ ခဏစောင့်ပေးပါနော် ”

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now