Uni
ရှောင်ကျန့် ဒီတစ်ခါတော့ အေးအေး
ဆေးဆေး နဲ့ ကူပြောင်းလာရတော့ ရှောင်လီကို နည်းနည်းတော့ ကျေနပ် သွားတယ် ။သူရောက်နေတဲ့နေရာက အိပ်ခန်းတစ်ခုထဲမှာ ဖြစ်ပြီး။ အခန်းထဲက ဘယ်ပစ္စည်းမဆို ကြည့်လိုက်တာနဲ့ တန်းဖိုးကြီးပစ္စည်းမှန်း သိသာနေတယ် ။ အလှဆုံးကတော့ နံရံကပ် ကျောက်မျက်ပန်းချီကားချပ်ပဲ ။
အနားသွားပြီး ထိကြည့်တော့ တကယ့် ကျောက်မျက်တွေနဲ့တူတယ် ။ ဖြုတ်ပြီးသာ ရောင်းစားလိုက်ရလို့ ကတော့
[ host သူများပစ္စည်းကို ရောင်းစားဖို့ကြံနေတာကို ရပ်ပြီး ဇာက်ကြောင်းကို နားထောင်ပေးပါ ]
ကျန့်ကျန့်လည်း ခုတင်ပေါ်ပြန်လှဲပြီး ။
" ပြောတော့ "
ဒီကမ္ဘာက အနာဂါတ် နှစ် 33200 ခုနှစ်
ဒီကမ္ဘာမှာ အဓိက ကြတာက အသက် 18 နှစ်ပြည့်ရင် စစ်ဆေးရေးလုပ်ရတယ် ။ စစ်ဆေးရေးက နေ အဲ့လူရဲ့ အဆင့်နဲ့ သားရဲစောင့်ရှောက်သူလား ၊ ဆေးပညာရှင်လား ၊ တပ်ဖွဲ့ဝင်လား ခွဲခြားပေးတယ် ။ဒီကမ္ဘာမှာ ဆေးပညာရှင်တွေက လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ ရှိတဲ့လူတွေ ။ နှစ် 5054 နှစ် မှာ ကမ္ဘာပေါ်မှာ ခရမ်းလွန်
ရောင်ခြည်တွေကြောင့် လူသားတွေ ဗီဇ ပြောင်းလဲလာခဲ့ပြီး စွမ်းအားတွေ ရှိလာခဲ့တယ် ။နောက်ပိုင်း D C B A S SS SSS အဖြစ်ခန္ဓာကိုယ် ကြံခိုင်မှုနဲ့ စွမ်းအားပမာဏကိုမှုတည်ပြီး ခွဲခြားခဲ့ကြတယ် ။
နောက်ပိုင်း ကမ္ဘာပေါ်မှာ လူတွေနေဖို့ မသင်တော်တော့တဲ့ အတွက် အာကာသ ထဲကသင့်တော်တဲ့ ဂြိုလ်တစ်လုံးကိုရှာပြီး နေထိုင်ခဲ့ကြတယ် ။
နောက်ပိုင်း အစာအရင်းအမြစ်တွေက စတင်ပျက်စီးလာပြီး လူသားတွေ စားသုံးလို့ မရတော့ဘူး ။
ဆေးပညာရှင်တွေက လူသားတွေ ဆက်လက်ရှင်သန်နိုင်အောင် အာဟာရပျော် ရည်တွေ ဖန်တီးခဲ့ကြတယ် ။
သားရဲတွေကလည်း ဗီဇပြောင်းပြီး အသိဉာဏ်ပိုရှိလာကြတယ် ။ သားရဲနဲ့ လူသားကစာချုပ် ချုပ်ပြီး သားရဲနဲ့ လူသားအပြန်အလှန် စောင့်ရှောက်ကြရတယ် ။
![](https://img.wattpad.com/cover/288846538-288-k674517.jpg)
ESTÁS LEYENDO
find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going )
Fanficstart. 7.8.2022 End......................