arc.1 ( 1.9 )

1.6K 146 4
                                    

[Unicode]


     ဘာလိုလိုနဲ့ ဒီကမ္ဘာကိုရောက်တာတောင် နှစ်လပြည့်တော့မယ် မနက်ဖြန်ကြရင် ကိုကိုမွေးနေ့ ကိုကို ဟုတ်တယ်အဲ့နေ့ကအဆောင်ကိုပြန်ရောက်တော့ အရှင်ကသူကိုအဲ့လိုခေါ်ဖို့ပြောထားတာ။
    
      ခုဆို ကျိရန်ကောတို့လည်းအဆင်ပြေနေပြီ လာမဲ့ကိုကိုမွေးနေ့ကြရင် ကျိရန်ကောတို့ လက်ထပ်မဲ့ ကိစ္စကိုအသိပေးဖို့လုပ်ထားတယ်။

ဒီလတွေအတွင်း ကြင်ယာတော်ဇီယီကလည်း ဒီကြားထဲမှာ အမျိုးမျိုးလုပ်ကြံတာတွေကို လည်းချင်းချင်းနဲ့ကိုကိုတို့ ဖြေရှင်းပေးလို့ ကျန့်ကျန့်ဘာမှမဖြစ်တာ။ ကျန့်ကျန့်အဆင်ပြေတာကိုသိလေ ဇီယီကကျန့်ကျန့်ကို မနာလိုဖြစ်ပြီး လုပ်ကြံတာတွေများလာလေ

      တစ်ခါဆို အဆိပ်ခတ်ခံရတာ ကိုကိုကစစ်ဆေးတော့ ကြင်ယာတော်တစ်ယောက်လုပ်တာ လို့သိရတယ်လို့ ကိုကိုကပြောတယ် ။ ဇီယိလုပ်တယ်ဆိုတာကို ကိုကိုတို့တွေ သိတာပေါ့ ဒါပေမဲ့ သက်သေမရှိသေးလို့ လွှတ်ထားတာလို့ ပြောတယ် ။

အံသြစရာ အကောင်းဆုံးက လျိုချင်းကောနဲ့ ကျိရန်ကောရဲ့ အကိုတို့ကိစ္စပဲ ။ ဇီယီ ကကျန့်ကျန့်ကိုလုပ်ကြံတာ မအောင်မြင်လို့ ကိုကိုကိုဆေးခတ်လိုက်တာ အဲ့ဆေးခွက်ကို လျိုချင်းကောကသောက်မိလိုက်ပြီး ဇီချန်ကောနဲ့မှားသွားတာ။

         အဲ့တုန်းက ဇီယီ ဖြစ်သွားတဲ့မျက်နှာကို ချင်းချင်း ပြန်ပြောပြတော့ ရှောင်ကျန့်တို့ သုံးယောက်ရယ်လိုက်ရတာ။

" ဟိဟိ ခိခိ "

" ဘာတွေ သဘောကျနေတာလဲ ကလေးရဲ့ ဟမ် "

တွေးနေရင်း အပြင်မှာပါရယ်သံထွက်သွားတော့ ဘယ်အချိန်ကပြန် ရောက်နေမှန်းမသိတဲ့ ကိုကိုကမေးတာဖြစ်တယ်။

" ကိုကို ညီလာခံကပြန်ရောက် ပြီလား "

" အင်း အဲ့ အဖိုးကြီးတွေက ကိုကိုကို စိတ်ရှုပ်အောင်လုပ်နေကြတယ် ကိုကိုအားဆေးလေးပေးပါ အုံး "

" မွ မွ "

" ကျန်သေးတယ် "

" မွ မွ မွ "

" နှုတ်ခမ်းကျန်သေးတယ် "

နှုတ်ခမ်းကို ဆူပြီး ပြောနေတဲ့ကိုကိုကြောင့် နှုတ်ခမ်းကို ဖိကပ်လိုက်မိတယ်

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now