[Unicode]
ရှောင်ကျန့် လှည့်ကြည့်လိုက်တော့ မျက်နှာမှာ မိတ်ကပ်တစ်ပိဿာလောက် ဖို့ထားတဲ့ မိန်းကလေးတစ်ယောက် ကိုတွေ့လိုက်ရတယ်
သူ့ ရဲ့ အတွေးတွေကို ကြားနေရတဲ့ ရှောင်လီကတော့ မျက်လုံးသာ လှည့်လိုက်မိတော့တယ် ။
[ host အဲ့တာ လက်ဝဲအမတ်ကြီးရဲ့ သမီးပါ ]
" ဟို ဝမ်ဇီးသီး ဆိုတဲ့ ဟာလား "
[ ဝမ်ဇီယိပါ host ရယ် ဘယ်က ဇီးသီးရမှာလဲ ]
" ဘာပဲဖြစ်ဖြစ် ဝမ်တိုင်းပြည်က လူတွေ မျက်လုံးမကောင်းဘူးလား ရှောင်လီ "
[ ဘာလို့လဲ ]
" မျက်နှာမှာ လိမ်းထားတဲ့ မိတ်ကပ်က ခွာချပြီး ချိန်ရောင်းလိုက်ရင်တောင် တစ်ပိဿာလောက်ရှိမယ်။ ဝတ်ထားလိုက်တာ ကလည်း ကိုယ်နဲ့လိုက်မှန်းမသိ မလိုက်မှန်းမသိ ဝတ်ထားလိုက်တာ ဝက်ကို ပိတ်စပတ်ထားတဲ့အတိုင်းပဲ ဒါကို ဝမ်တိုင်းပြည်ရဲ့ အလှဆုံး မိန်းကလေးဆိုတော့ သူတို့ မျက်လုံး ဆေးခန်းပြသင့်နေပြီ "
[ ပြောတာ ဟုတ်တယ် ဝမ်တိုင်းပြည်က လူတွေ မျက်လုံးမကောင်းဘူးနဲ့ တူတယ် ]
" ရှောင်ကျန့် နင်က ငါပြောတာကို မကြားချင်ယောင်ဆောင်နေတာလား "
ရှောင်လီနဲ့ စကားပြောတာကြာသွားလို့ ပြန်မပြောမိလိုက်တော့ ဟိုကဒေါသထွက်ပြီး အော်တော့တယ် ။
" ရှောင်ကျန့် ငါပြောနေတာတောင် ငါ့ကို အရိုအသေမပေးသေးဖူးလား "
" ကြင်ယာတော် ဇီယီကရောငါ့ကို မြင်တာတောင် ဘာလို့အရိုအသေမပေးတာလည်း ရာထူးအရပြောရရင် ငါကမင်းတို့အားလုံးထက် ရာထူးမြင့်တယ် ဒါကိုတောင် အရိုအသေမပေးဘူး ဆိုတော့ ကြင်ယာတော်ဇီယီနဲ့ တခြားကြင်ယာတော်တွေကို အပြစ်ပေးလိုက်စမ်း "
" နင်ကဘာမို့လို့ ငါလိုကြင်ယာတော်ကို အပြစ်ပေးမှာလည်း နင့်ကို အရှင်နဲ့တိုင်ပြီး အပြစ်ပေးခိုင်းမယ် "
" ငါ ရန်တိုင်းပြည်ရဲ့မင်းသမီး ရန်ချင်းချင်းပဲ ရှင်းအောင်ပြောရရင် ဒီနေ့ပဲ ဝမ်အရှင်နဲ့ လက်ထပ်ထားတဲ့ မိဖုရားခေါင်ဝမ်ချင်းချင်းပဲ သိပြီလား အခုထိ ငါ့ကို အရိုအသေမပေးသေးဖူးလား "
ချင်းချင်း ပြောတာကြားပြီး ဝမ်ဇီယိနဲ့ အခြားကြင်ယာတော်တွေ အကုန် မျက်နှာပျက်ကုန်တယ် ပြီးမှ
" မိဖုရားခေါင်ကြီး အသက်ရှည်ပါစေ "
" ကြင်ယာတော်တွေ အားလုံးနားထောင် ကျန့်ကောက ငါ့အကိုပဲ အဲ့တာကြောင့် ကျန့်ကောကိုထိရင် ရန်တိုင်းပြည်ကို ရန်စတာနဲ့အတူတူဘဲ သွားတော့ "
" ဟုတ်ကဲ့ပါ မိဖုရားခေါင် "
[ ဝါး ဇာက်လိုက်မက မိုက်လိုက်တာ ]
" အင်း ကြင်ယာတော်တွေရဲ့ မျက်နှာကို ကြည့်လိုက်စမ်း မည်းတူးနေတာပဲ ဟား ဟား ဟား "
[ ဟုတ်တယ် ဟိဟိ ]
အားလုံး ထွက်သွားတော့မှ
" ကျန့်ကော ချင်းချင်း တော်တယ်မလား "
စောစောကနဲ့ တခြားဆီ လေးတွေနဲ့ကြည့်နေတဲ့ ဇာက်လိုက်မကြောင့် ရှောင်ကျန့် အသံထွက်ပြီးရယ်မိတယ် ။
" အွန်း ချင်းချင်းက အတော်ဆုံးပဲ "
" ဟိဟိ တော်ရင် ချင်းချင်းကို မုန့်လုပ်ကျွေးပါလားနော် "
" အင်းလာ မီးဖိုချောင်ကို သွားကြမယ် ချင်းချင်းကို ကောက မုန့်လုပ်ကျွေးမယ် "
" ဟိဟိ ကောင်းတယ် "
မီးဖိုချောင်ကို ရောက်တဲ့အခါ
" ချင်းချင်း ဘာစားချင်လဲ "
" အွန်း ဖက်ထုပ်ရယ်၊ ခေါက်ဆွဲရယ် စားချင်တယ် "
" အင်း ဖက်ထုပ်ပေါင်းပေးမယ် ဒါပေမဲ့ ခေါက်ဆွဲမစားမဲ့ ချင်းချင်းနဲ့ ကော ဟော့ပေါ့ လုပ်စားမယ် "
" ဟော့ပေါ့ဆိုတာ ဘာလဲ ကော စားလို့ကောင်းလား "
" အရမ်းစားလို့ကောင်းတယ် "
" ချင်းချင်း ဘာလုပ်ပေးရမလဲ "
" ချင်းချင်းက အသီးရွက်တွေ ခူးလိုက်နော် မျန်မျန်က ဂျုံနယ်ထားလိုက်နော် "
" ဟုတ်ကော "
" ဟုတ်ကဲ့ သခင်လေး "
" ဒါဆိုကောက ဖက်ထုပ်အစာအတွက် လုပ်လိုက်မယ် "
BẠN ĐANG ĐỌC
find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going )
Fanfictionstart. 7.8.2022 End......................