arc.2 ( 2.7 )

1.1K 101 1
                                    

[Unicode]

SHY&NM ကုမ္မဏီရဲ့ 6 လပြည့်ပွဲ ။ အသစ်ထွက်လာတဲ့ ကုမ္မဏီပိုင်ရှင်ကိုမြင်ချင်လို့ လာတဲ့သူတွေရယ် ကုမ္မဏီပွဲကိုလာတဲ့ လီအိမ်တော်ရဲ့ သခင်မလေး၊ သခင်လေးတွေကြောင့် ရယ်လူတွေအများကြီးရောက်နေတော့တယ်။

" ဟဲ့ နင်သိပြီးပြီလား "

" ဘာကိုသိရမှာလဲ "

" ကုမ္မဏီပိုင်ရှင်က ငါးယောက်တောင်တဲ့ ဟဲ့ သူငယ်ချင်းတွေစုပြီး ထောင်ထားတာလို့ ကြားတယ် "

" ဟုတ်လို့လား "

" ငါလည်းမသိဘူးလေ သူများတွေပြောတာကြားတာပဲ "

" ဟဲ့ ဟိုဟာ ဝန်ကြီးချုပ်ရဲ့ သမီးမလား "

အနီရောင်ပွဲတက်ဂါဝန်ရှည်ကိုမှ ခွဲထားတဲ့ မီနာကဒီနေ့ပွဲထဲမှာ အလှဆုံးဖြစ်‌နေတယ်

လို့ ကိုယ်ကိုကို မှတ်ယူထားလေရဲ့ ။ အဲ့အချိန် ခန်းမထဲကို ဝင်လာတဲ့ အနက်ရောင်အရိပ် လေးနှစ်ခုကြောင့် လူတွေအားလုံးရဲ့ အကြည့်က အဲ့အရိပ်လေးတွေဆီကိုရောက်သွားတယ်။ နတ်ဘုရားလိုအလှလေးနဲ့ နတ်ဆိုးလိုချောမောနေတဲ့လူနှစ်ယောက်ကို ငေးကြည့်နေမိတယ်။ မီနာလည်း

" တောက် ဒီကောင်ငါ့ ဆီကနေလုသွားပြန်ပြီ "

ပြီးမှ အပြုံးလေးတစ်ခု နဲ့အတူ ဂျင်ဟီး တို့နာသွားပြီး

" ဂျင်ဟီး ရောက်ပြီလား မီနာကစောင့်နေတာ "

" စောင့်နေရအောင် မင်းနဲ့ငါသိလို့လား "

" ရှင် ဂျင်ဟီးကလည်း နောက်နေပြန်ပါပြီ ဟင်းဟင်း ဒီက မောင်လေးမမတို့နှစ်ယောက် ပြောစရာရှိလို့ ခဏဖယ်ပေးပါလား "

" ဖယ်ပေးရအောင် ခင်ဗျားနဲ့ ကိုကိုနဲ့ကသိလို့လား "

" တို့နဲ့ ဂျင်ဟီးက "

" ကိုယ်သူကိုမသိဘူး သူဘာသာစကားလာပြောနေတာ "

" ဂျင်ဟီးကလည်းတို့နဲ့ ယူကတစ်ခန်းထဲပဲဟာကို အရင်ကလည်းစကားပြောဘူးတာပဲကို တစိမ်းတွေကြနေတာပဲ "

" စကားပြောဖူးတာနဲ့ ရင်းနှီးသွားရောလား ပြီးတော့ငါက အရေးမပါတဲ့ အရာတွေကို မှတ်မထားတတ်ဘူး "

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now