arc. ( 3.5 )

929 100 9
                                    

   [Unicode]


       " ဟဲ့ Sophia ပြောတော့ သူနဲ့ခေါင်းဆောင်က ချစ်သူတွေဆို ”

       Lauren လည်း ဘေးနားလူတွေပြောနေတာ ကိုကြားပြီးသူ့ အကိုတွေအထင်လွဲမှာဆိုးပြီး

        " မိန်းကလေး Sophia ကျွန်တော်တို့က ဘယ်တုန်းက ချစ်သူတွေဖြစ်သွားတာလဲ ကျွန်တော်မှတ်မိသလောက် ကျွန်တော်ခင်
ဗျားကို အထင်လွဲအောင် လုပ်မိတယ်ပြောရအောင် လည်းကျွန်တော်တို့ စကားပြောဖူးတာ လက်နှစ်ဖက်တောင် မပြည့်ပါဘူး ”

        " မဟုတ် အကို Lau ညီမက ”

        " တော်ပြီ Sophia မင်းစခန်းထဲမှာ ငါနဲ့မင်းအကြောင်းတွေ လျှောက်ပြောနေတာ ငါသိတယ် မင်းကမိန်းကလေးတစ်ယောက် ဖြစ်နေလို့ ငါသည်းခံပေးနေတာ ကိုယ်ကိုကို ဘာထင်နေလည်း နောက်တစ်ခေါက် ဒါမျိုးကြားရင် မင်းအပစ်ပေးခံရမယ် မှတ်ပါ ”

         " ဟုတ်ကဲ့  အကို Lau ”

        " ပြီးတော့ ငါကိုခေါင်းဆောင်လို့ပဲ ခေါ်ပါ မိန်းကလေး Sophia ငါကိုအဲ့လို ခေါ်ရ
အောင် မင်းနဲ့ငါအဲ့လောက်ထိရင်းနှီး လို့လား အားလုံး လူစုခွဲကြတော့ ကိုကိုကျွန်တော်တို့ သွားကြမယ် ”

      သူတို့ ခေါင်းဆောင်ရဲ့အမိန့်ကြောင့် အား
လုံးလည်း ကို့နေရာကိုပြန်ကြတယ်။ တစ်ချို့ Sophia ကိုမကျေနပ်တဲ့ မိန်းကလေးတွေကတော့ သူကိုလှောင်ရယ်သွားကြ လေရဲ့ ။ လူစုခွဲသွားမှ Sophia လည်း ဒေါသပေါက်ကွဲတော့တယ်။

         " တောက်... ဒင်းတို့ကြောင့် အကို lau ကငါကိုအမြင်စောင်းသွားပြီ ငါအကြောင်း
ကောင်းကောင်း သိမယ် ခေါင်းဆောင်မရှိလည်း ဘာဖြစ်လဲ Gracie နဲ့ Evelyn ရှိသေးတယ် ဒီလောက်စွမ်းအားကြီးတဲ့ လူကငါ လိုမိန်းမလှလေးနဲ့ပဲထိုက်တန်တာ သူတို့နှစ်ယောက် စလုံးကို အပိုင်ဖြစ်အောင်လုပ်ရမယ် ဟက် ”

____________________________________________________________________________

      luther တို့လည်း စခန်းကိုရောက်တာ တစ်လရှိနေပြီ။ ဒီတစ်လအတွင်း ဇာက်လိုက်မရဲ့ အကောက်ကြံမှုကို လည်းလှည့်ပတ်ရှောင်နေရသေးတယ် ။ Gracie နဲ့ Evelyn ကလည်းသူ့ကို ဖွင့်ပြောထားတယ်။ ရှောင်လီကို စစ်ကြည့်ခိုင်းထားလို့ နှစ်ယောက်စလုံးက သူ့ချစ်သူဆိုတာသိထား ပြီ။

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Donde viven las historias. Descúbrelo ahora