arc ( 3.7 )

860 97 10
                                    

[Unicode]

        luther တို့လည်း အစွမ်းတွေမြှင့်နေတာနဲ့ အချိန်ကုန်နေပြီ။ ထိုအချိန်

       " ဟဲ့ ဟိုမှာ တစ်ယောက်ယောက် အဆင့်တက်သွားပြီ ”

       " ခေါင်းဆောင်သခင်လေး ရဲ့အခန်းကဟဲ့ ”

       " နောက်တစ်ခု ”

       " ဟဲ့ နောက်တစ်ခု ပါတက်သွားပြန်ပြီ ”

        " ဒါဆို ခေါင်းဆောင်သခင်လေး အစွမ်း လေးခုတက်သွားပြီ ”

         " ဟဲ့ ဟိုမှာ Dr သခင်လေးအခန်းကလည်း အဆင့်တက်တဲ့ အရောင် သုံးခု ”

       " ဟိုမှာ သခင်လေး Gracie တို့အဖွဲ့လည်း အဆင့်တက်သွားပြီ ”

       " ဒါဆို ငါတို့မကြာခင် အေးအေးချမ်းချမ်း နေရတော့မယ် ”

      စခန်းက လူတွေလည်း ပျော်ပြီးထအော်ကြတယ်။ အဲ့အချိန် သူတို့ခေါင်းဆောင် ထွက်လာပြီး

      " ရှုး တိုးတိုးနေ မင်းတို့ရဲ့ ခေါင်းဆောင်သခင်လေး နောက်ဆုံးအဆင့် တက်တော့မယ် ”

      အားလုံးလည်း စောင့်ကြည့်နေကြတယ်။ ညဖက် ကြမှပဲ နောက်တစ်ခုအဆက့်တက်သွားတယ်။ မနက်ရောက်တော့ အစည်းဝေးခေါ်ပြီး

       " အားလုံးကို ပြောမယ်နောက် သုံးရက်နေရင် drynight မြို့ကို သွားတိုက်ကြမယ် အဆင်သင့်ပြင်ထားကြ အခုတော့နားလိုက်အုံး ”

›››››››››››››››››››››››››››››››››››››››› ››››››››››››››››››››››››››››››››››››››››

  10:52 pm

      ညလူခြေတိတ်တဲ့အခါ Luther တစ်ယောက် သူအခန်းထဲကထွက်လာပြီး စခန်းအနောက်ဘက်က တောအုပ် အစွန်နားကို ထွက်လာခဲ့လိုက်တယ် ။ စခန်းတစ်ဝိုက်နားကမြို့တွေကို အကုန်ရှင်းလင်းပြီးပြီမို့ ညဖက်ဆိုရင်တောင် အန္တရယ်သိပ်မများပေ ။
     
       ခပ်လှမ်းလှမ်းနားရောက်တော့ Luther ရပ်လိုက်တယ် ။
      
      " ထွက်လာခဲ့ မင်းတို့ရှိနေတာ သိတယ် "
     
      သစ်တောဘက်ကနေ လူနှစ်ယောက်ထွက်လာခဲ့တယ် ။ နှစ်ယောက်ထဲက တစ်ယောက်ကိုကြည့်ပြီး
     
    "  ဟိုရက်က ကျွန်တော်ကိုကယ်ပေးလို့ ကျေးဇူးပါ "
   
    ဟုတ်ပါတယ် ။အဲ့တာက Luther ကို zombie လက်ကနေကယ်ခဲ့တဲ့လူပါ ။ ပြီးတော့ demon zombie အကြောင်းပြောခဲ့တဲ့ လူပါပဲ ။
   
   " ခင်ဗျားဘာလို့ ကျွန်တော်ကို ဒီအကြောင်းတွေပြောပြတာလဲ ခင်ဗျားက ဘယ်သူလဲ "
  
   " ငါ့နာမည်က ရှန် သူ့နာမည်က ဟန်ရီ "
  
   ( rose:ကျန့်ကျန့်ကိုကယ်ခဲ့တာက ရှန်ပါ )
  
  " ဘာလို့လဲ ဆိုတော့ ငါအရင်ကတည်းက ကမ္ဘာပျက်ကပ်ဖြစ်မှာကို သိထားခဲ့တာကြောင့်ပဲ "
  
  " ဒါဆို ဘာလို့လူတွေကို သတိမပေးခဲ့တာလည်း "
  
   သူစကားကြောင့် အဲ့လူက ဒေါသထွက်သွားပုံရတယ် ။
  
"  ငါမလုပ်ချင်ဘူး ထင်လို့လား ငါသတိပေးခဲ့တယ်လေ မင်းတို့က ယုံခဲ့ကြလို့လား "
  
   သူဒေါသထွက်သွားတော့ ဘေးကတစ်ယောက်က စိတ်ချော့ဖို့ ပြောကာ
  
  " ငါတို့ပြောခဲ့တယ် "
  
  " ဘယ်တုန်းက ခဏ ကမ္ဘာပျက်ကပ်စတော့မယ်လို့ ပြောခဲ့တာ မင်းလား "
 
( rose: ဇာက်ကြောင်းမှာပါတယ်နော် မေ့နေမှာဆိုးလို့ )

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now