Arc. 5 ( 5.2 )

229 20 9
                                    

       Uni

          " သခင်လေး မဖြစ်ပါဘူး သခင်လေးဝင်ချင်တယ်ဆို သတ်တော်စောင့်တွေကိုပါ ခေါ်ရပါလိမ့်မယ် "

         " ရပါတယ် ဒီတိုင်းသွားရအောင် Roan ရော လိုက်မှာလား  "

       " ဟုတ်ကဲ့ "

       { ဒီကမ္ဘာမှာ ဇာက်လိုက်မက ချစ်စရာလေးပဲ  }

     " မဖြစ်ပါဘူး သခင်လေး သခင်လေးသာ ထိခိုက်ဒဏ်ရာ ရသွားရင် သခင်မကြီးတို့က ကျွန်တော်ကို အလုပ်ထုတ်ပစ်ပါလိမ့်မယ် "

       Elora လည်း သူ့ရှေ့က ဌာနမှုးကိုကြည့်ပြီး ရယ်ချင်နေတယ် ။ သူ့ခန်းမထဲကို အတင်းဝင်မှာဆိုးလို့ တံခါးနားကနေ ပိတ်ရပ်နေတာ မျက်နှာပုံစံကလည်း အထဲကို ဝင်မယ်ဆို ကျွန်တော့ကို တစ်ခါတည်း သတ်သွားပါ ဆိုပြီး မပြောယုံတမယ် ။

           ဒါပေမဲ့လည်း ဌာနမှုးက သူ့ကိုစိုးရိမ်လို့ပြောတာမှန်း သူသိပါတယ် ။ မှုလပိုင်ရှင်ကို ဇော့ဇ်တွေ  လာဖမ်းတုန်းကဆို ဌာနမှုးက ပဲကာကွယ်ပေးခဲ့တာ နောက်တော့ သစ္စာဖောက်တွေကြောင့်သေသွားရတာ ။

          နောက်ဆုံးတော့လည်း သတ်တော်စောင့် 5 ယောက်လောက်ခေါ်လိုက်ရတယ် ။

        " ကဲ ကျွန်တော် ဝင်လို့ ရပြီလား "

        " ဟုတ်ကဲ့ "

       " Roan ကိုယ့်နားမှာပဲ နေနော် "

        " ဟုတ်ကဲ့ "

         ခန်းမထဲကိုဝင်ကြည့်တော့ အထဲမှာ သစ်တော ပုံစံ လုပ်ထားတာ တော်တော် ကျယ်တဲ့ နေရာပဲ ။

        " ခန်းမက တော်တော်ကျယ်တာပဲ ဘယ်လောက်ရှိတာလဲ "

         " စတုရန်းပေ 6000 "

         " ကျယ်တာပဲ အထဲက သားရဲ့တွေက အဆင့် ဘယ်လောက်လဲ "

          " ဒီခန်းမကို အန္တာရာယ်ဇုံအဖြစ်သတ်မှတ်ရတာ အဲ့အချက်ကြောင့်ပဲ သခင်လေး ဒီထဲမှာရှိတဲ့ သားရဲ့တွေက S အဆင့်နဲ့ အထက်တွေပါ  SSSS အဆင့် သားရဲ အချို့ ပါ‌ တယ်  "

          " ဘယ်လို သားရဲမျိုးမို့ အဲ့လောက် စွမ်းအား ကြီးတာပါလိမ့် "

         " ကျန်တာတွေကို သေချာမသိပေမဲ့ အထဲမှာ နဂါး တစ်ကောင် ရှိတယ် လို့ပြောကြတယ် သခင်လေး "

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now